မုဒုံမြို့နယ်၌ Grade 11 စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ဘာသာရပ်ဆိုင်ရာဟောပြောပွဲပြုလုပ်

မုဒုံ ဇန်နဝါရီ ၂၅

မွန်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ် မတ်လတွင် Grade 11 စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား ဘာသာရပ်ဆိုင်ရာဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မုဒုံမြို့နယ်အထက(၁)ကျောင်း ရှင်အရဟံခန်းမနှင့် အထက(ကမာဝက်)ကျောင်းခန်းမတို့၌ center ၂ ခုထား၍ ပြုလုပ်ကြောင်း သိရသည်။

ဘာသာရပ်ဆိုင်ရာ ဟောပြောပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ဘောဂဗေဒ၊ ပထဝီနှင့် သမိုင်းဘာသာရပ်များကို မော်လမြိုင်တက္ကသိုလ်မှ ဆရာ၊ ဆရာများက center ၂ ခုတွင် ဟောပြောပို့ချခဲ့ပြီး မုဒုံမြို့နယ်မှ Grade 11 စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းတွင်းဖြေဆိုသူ ၉၂ ဦး၊ ပြင်ပဖြေဆိုသူ ၂၆၇ ဦး၊ စုစုပေါင်းကျောင်းသား/သူ ၄၁၉ ဦးတက်ရောက်ခဲ့ကြောင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များမှ ဟောပြောပို့ချပေးသော ဆရာ၊ ဆရာမများအား ငွေကျပ်ငါးသောင်းနှင့် တက်ရောက်ကြသောကျောင်းသား၊ ကျောင်းသူများအား ဘောပင်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မုဒုံသူပြန်/ဆက်