ကျောက်ကြီးမြို့နယ်၌ ၂၀၂၃ - ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပ

ကျောက်ကြီး၊ ဒီဇင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက် ၇ နာရီအချိန်ခန့်က စတင်ပြီး ၂၀၂၃ - ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစား ပြိုင်ပွဲများအား မြို့နယ် အားကစားကွင်းတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်လမ်းညွှန်မှုဖြင့် အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပညာရေးဦးစီးဌာန တို့ပူးပေါင်းပြီး မြို့နယ် အားကစားကွင်း၌ မီတာ(၁၀၀)၊ မီတာ(၂၀၀)၊ မီတာ(၄၀၀) ကျား/မ အပြေးပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ဖားခုန်ပြိုင်ပွဲ၊ အိတ်စွတ်ပြိုင်ပွဲ၊ သံပုံးရိုက်ပြိုင်ပွဲ၊ ကုလားထိုင်လုပြိုင်ပွဲ၊ ခါးကုန်းခုန်ပြိုင်ပွဲ၊ အင်္ကျီဝတ်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲနှင့် ထုတ်ဆီထိုးပြိုင်ပွဲများအား မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ဆရာဆရာမများ ကျောင်းသား ကျောင်းသူများ စိတ်အပန်းပြေစေရန်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အား အောက်မေ့သတိရစေရန် ရည်ရွယ်ပြီး ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရသည်။

ဆက်လက်ပြီး အားကစားပြိုင်ပွဲများတွင် ပြိုင်ပွဲအလိုက် ဆုများရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီမြှင့်ပေးကြပြီး၊ ၂၀၂၃-ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများသို့ ကျောက်ကြီးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၊ ကျောင်းဆရာ ဆရာမများ ကျောင်းသား ကျောင်းသူများ စုစုပေါင်းအင်အား (၈၀၀)ဦးခန့် ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)