လားရှိုးမြို့တွင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ ပြည်နယ်အဆင့် နည်းပြ သင်တန်း၊ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

လားရှိုး ဒီဇင်ဘာ ၂၀

ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်း/မြောက်) (Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီ ပြည်နယ်အဆင့်နည်းပြ သင်တန်း၊ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီ အချိန်က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး (ရှမ်း/မြောက်)၊ သစ္စာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်း/မြောက်)၊ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်က မြေပြင်ကွင်းဆင်း လူဦးရေစာရင်းကောက်ယူခြင်း လုပ်ငန်းသည် အထွေထွေရွေးကောက်ပွဲ မဲစာရင်းရလဒ် မှန်ကန်စေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အဆင့် (၅) ဆင့်ရှိသည့်အနက် အဆင့် (၃) တွင် ပါဝင်ပြီး အဆင့်(၁)၊ (၂) ဖြစ်သည့် e-ID National Sever စနစ်သို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူ၍ နိုင်-၄ နံပါတ်များဖြည့်သွင်းခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်း ဖြည့်သွင်းခြင်းလုပ်ငန်းများကို ၂၀၂၂ ဩဂုတ်လအပြီး ဆောင်ရွက်ပြီးဖြစ်သည့် အတွက် ယခုတတိယအဆင့်ဖြစ်သည့် ရရှိပြီးသော အိမ်ထောင်စုလူဦးရေအချက်အလက်များအား မှန်ကန်မှု ရှိ/ မရှိ မြေပြင်ကွင်းဆင်းတိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိတို့မြို့နယ်များသို့ ပြန်လည်ရောက်ရှိပါက မြေပြင်ကွင်းဆင်းစာရင်းကောက်ယူ မည့်အဖွဲ့ခေါင်းဆောင်များ၊ ရပ်ကျေးများအား ပြန်လည်သင်တန်းပို့ချရမည့်ဖြစ်သည့်အတွက် စိတ်ဝင်စားစွာ တက်ရောက်ရန်၊ သိရှိလိုသည်များကို သေသေချာချာမေးမြန်းကြရန်နှင့် ကြိုးစားလေ့လာကြရန် ပြောကြား ခဲသည်။

ထို့နောက် သင်တန်းသို့တက်ရောက်လာသော သင်တန်းသား/ သင်တန်းသူ တစ်ဦးချင်းမိတ်ဆက်ခြင်း အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါသင်တန်းသို့ သက်ဆိုင်ရာကော်မတီနှင့် ဌာနဆိုင်ရာဝန်ထမ်း စုစုပေါင်း (၈၀) ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလ (၂) ရက်တာ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး