ရွှေဘို ဒီဇင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ (Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူ ရေးကော်မတီ တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ (Working Group) ဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်မြေပြင်ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ (Working Group) အတွင်း ရေးမှူးခရိုင်ဦးစီးမှူး ဦးအောင်မြင့်က ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် တစ်အိမ်တက်ဆင်းကောက်ယူနိုင်ရေး၊ အထွေထွေရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းရလဒ် မှန်ကန်စေရေး အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းရည်ရွယ် ချက်အကြောင်းအရာများနှင့် စာရင်းပြုစုခြင်းတင်ပြခြင်း၊ စာရင်းထုတ်ပြန်ခြင်း၊ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရာတွင် တွေ့ကြုံရမည့်အခြေအနေများ၊ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်ရေးနှင့် ကြိုတင်စီမံထားသင့်သည့်ကိစ္စရပ်များစသည်တို့ကို ပြောကြားခဲ့သည်။
အခမ်းအနားသို့ ခရိုင်(Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးဦး၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးရဲထွဋ်ဝင်း၊ ဒုရဲမှူးကြီးစွမ်းဇာနည်၊ အတွင်းရေးမှူးဦးအောင်မြင့်၊ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ရွှေဘိုမြို့နယ်ဦးစီးမှူး ဦးLယော်ထုန်နှင့် ခင်ဦး၊ ဝက်လက်၊ ရေဦး၊ တန့်ဆည်၊ ဒီပဲယင်းမြို့နယ်များမှ အရာရှိနှင့် ဝန်ထမ်းများ၊ သင်တန်းသား/သူ(၄၀)ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းကာမှာ၂၀.၁၂.၂၀၂၂ မှ ၂၁.၁၂.၂၀၂၂ ရက်နေ့အထိ ဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ Video Conferencing ဖြင့်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်