ညောင်ဦး ဒီဇင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်နှင့် ငါ့သရောက်မြို့ ကျေးလက်တောင်သူများ ပဲစင်းငုံပေါ်ချိန် ရောင်းချရာတွင် တစ်ပိဿာ ၂၈၀၀ ကျပ်ရောင်းချရခြင်းကြောင့် ပဲစင်ငုံစိုက် တောင်သူများ တွက်ခြေကိုက်သည့် နှစ်တစ်နှစ်ဖြစ်ခဲ့ကြောင်း ညောင်ဦးမြို့နယ်၊ ငါ့ပိုင်ကျေးရွာ ပဲစင်းငုံစိုက် ပျိုးတောင်သူ ဦးနိုင်လင်းထံက သိရသည်။
ပဲစင်းငုံကြဲပက်စိုက်ပျိုးမှုများအား ကဆုန်လ၊နယုန်လများတွင် နှမ်းဖြင့်တွဲဖက်စိုက်ပျိုးခြင်း ဖြင့်လည်းကောင်း၊ မြေပဲခင်းများတွင် တန်းကြောင်းချ၍ စိုက်ပျိုးခြင်းဖြင့်လည်းကောင် စိုက်ပျိုးကြပြီး ပဲစင်းငုံသီးသန့်စိုက်ပျိုးမှုသိပ်မရှိဘဲ သီးထပ်အဖြစ်သာ စိုက်ပျိုးမှုများကြောင်း၊ နှမ်းများနှုတ်သိမ်း၊ ရိတ်သိမ်းချိန်တွင် ပဲစင်ငုံပင်များ မြေဆွပေးသကဲ့သို့ဖြစ်ကာ ပဲစင်ငုံများ အပင်သန်မာထွားကြိုင်းလာကာ အပင်ဖြစ်ထွန်းလွယ်ကြောင်း ငါ့သရောက်မြို့ ကုလားတဲကျေးရွာ ပဲစင်းငုံစိုက်တောင်သူ ဦးမျိုးမောင်က ပြောကြားသည်။ ပဲစင်းငုံစိုက်ရာတွင် မြေဆီမြေနှစ် အလွန်စုပ် ယူကြောင်း ပဲစင်းငုံစိုက်ပျိုးပြီး နောက်နှစ်ထပ်မံကြဲပက်စိုက်ပျိုးလျှင် မဖြစ်ထွန်းကြောင်းနှင့် ပဲစင်းငုံ တစ်သီးစိုက်လျှင် ရှစ်လ၊ ကိုးလ ကြာမြင့်ခြင်းကြောင့် ပဲစင်းငုံစိုက်ပြီး ဈေးမကောင်းလျှင်ဖြစ်စေ၊ ပဲစင်းငုံမဖြစ်ထွန်းလျှင် စိုက်ပျိုး တောင်သူများ အင်မတန်နစ်နာကြောင်း ကဆုန်၊ နယုန်တွင် ကြဲပက်စိုက်ပျိုးသည့် ပဲစင်းငုံတစ်သီးအား နတ်တော်လ၊ ပြာသိုလတွင်မှ ခုတ်ယူရကြောင်းနှင့် အပွင့်လှိုင်လှိုင်ပွင့်ချိန်၊ ဝတ်မှုံကူးချိန်ဖြစ်သည့် တန်ဆောင်မုန်းလတွင် မိုးသည်းကြီးမဲကြီးမိပါက ပဲစင်းငုံအပင်ကောင်းသော်လည်း ပဲစင်းငုံမရဖို့ တပ်အပ်ပြောနိုင်ကြောင်း ပဲစင်းငုံစိုက်တောင်သူ ဦးသန်းထိုက်မှရှင်းပြသည်။ငါ့သရောက်မြို့မှ ပဲစင်း ငုံစိုက်တောင်သူများသည် ပဲစင်ငုံခုတ်သိမ်းပြီးချိန် ပခုက္ကူဈေးကွက်သို့သွားရောက်ရောင်းချခြင်း၊ မြင်းခြံ၊ ကျောက်ပန်းတောင်း ဈေးကွက်သို့လည်း သွားရောက်ရောင်းချကြရာ ပဲစင်းငုံတစ်ပိသာ ၂၈၀၀ ကျပ်ရောင်းချရပြီး ပဲစင်းငုံတစ်တင်း ပဲစင်းငုံပိသာ ၂၀ ရှိကြောင်း၊ တစ်တင်းလျှင် ၅၆၀၀၀ ကျပ်ရောင်းချရခြင်း၊ မနှစ်ကထက်ပဲစင်ငု ံဈေးနှုန်းပိုရခဲ့ခြင်းကြောင့် တောင်သူများ ပဲစင်ငုံထွက်နှုန်းကောင်းမွန်ခဲ့ပြီး ဈေးနှုန်းလည်း ကောင်း ခဲ့ခြင်းကြောင့် ပဲစင်ငုံစိုက်ပျိုးကျေးလက်တောင်သူများ ပဲစင်းငုံးဈေးနှစ်ဆ ရောင်းချရသည့် နှစ်ဖြစ်ကြောင်းလည်း ပဲစင်းငုံစိုက်ပျိုးတောင်သူများက ပြောကြားသည်။
ကိုကြေးမုံ