သာယာဝတီမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ၃၄၂၀၀ ဧက စိုက်ပျိုးပြီးစီး

သာယာဝတီ  ဒီဇင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ၁၆၈၀၈ ဧက စိုက်ပျိုးပြီးစီးကြောင်း သိရသည်။

သာယာဝတီမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ မြေပဲ ၄၅၅၃ ဧက၊ နှမ်း ၁၅၃၈ ဧက၊ နေကြာ ၅၄၀၇ ဧက၊ ပန်းနှမ်း ၅၃၁၀ ဧက စိုက်ပျိုးရန်လျားကြောင်း သိရသည်။

ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင်  ဆီထွက်သီးနှံစိုက်ပျိုးမှု ၁၉၉၀၈ ဧကလျာထားပြီး လက်ရှိအချိန်အထိ ၁၆၈၀၈ ဧက  စိုက်ပျိုးနိုင်ခဲ့ပြီး တောင်သူများကို မျိုးကောင်း မျိုးသန့်ရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး သင်တန်းပေးခြင်း၊ ကွင်းသရုပ်ပြပွဲများနဲ့ အထွက်နှုန်းကောင်းမွန်ရေး ကွင်းဆင်း အသိပညာပေးလျက်ရှိကြောင်း သာယာဝတီမြို့နယ်အနေဖြင့် ဆီထွက်သီးနှံ စိုက်ပျိုးပြီးစီးမှုအနေဖြင့် မြေပဲ ၄၅၅၃ ဧက၊ နှမ်း ၁၅၃၈ ဧက၊ နေကြာ ၅၄၀၇ ဧက၊ ပန်းနှမ်း ၅၃၁၀ ဧက စ်ုက်ပျိုးပြီးစီပြီ ဖြစ်ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)