ကော့သောင်း ဒီဇင်ဘာ ၇
ကော့သောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း ဖွင့်လှစ်ပို့ချမည့် ရှေ့ဦးပြုစုခြင်း အခြေခံသင်တန်းအမှတ်စဉ်(၄/၂၀၂၂)ကို ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ အထကခွဲ၊ အလက(၁)ကျောင်းတွင် ကျင်းပြုလုပ်သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကျောင်းကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါ်ဇာခြည်ဖြူနှင်းဖွေးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍အမှာစကားပြောကြားပြီးသင်တန်းစတင်ပို့ချသည်။
အဆိုပါ ရှေ့ဦးပြုစုခြင်းအခြေခံသင်တန်းတွင် ကြက်ခြေနီတပ်ဖွဲ့များဆောင်ရွက်ရမည့် ရှေ့ဦးပြုစုနည်းအခြေခံသဘောတရားများနှင့်ဝတ္တရားများ၊ လူနာဆန်းစစ်ခြင်း၊ ဒဏ်ရာရခြင်းနှင့် သွေးယိုစီးခြင်းကိုကာကွယ်ခြင်း၊ သွေးဆုတ်သွေးလန့်ခြင်း၊ အပူလောင်ခြင်း၊ အဆိပ်သင့်ခြင်း၊ သတ္တဝါနှင့်ပိုးမွှားများကိုက်ခြင်း၊ တုပ်ခြင်း၊ အရိုးအဆစ်နှင့်ကြွက်သားဒဏ်ရာရမှုကို ပြုစုခြင်း၊ ဆေးထည့်ခြင်းနှင့် ပတ်တီးစည်းနည်း၊ သတိ လစ်မေ့မျောမှုကိုပြုစုနည်း၊ ဆို့နင်ခြင်းကိုပြုစုနည်း စသည့်ဘာသာရပ်များကို သင်တန်းနည်းပြ(၆)ဦးက စာတွေ့လက်တွေ့များဖြင့် ပို့ချသွားမည်ဖြစ်ပြီး အဆိုပါကျောင်းမှ ကျောင်းသားကျောင်းသူသင်တန်းသား(၄၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)