စစ်ကိုင်းမြို့၊ ချင်းစု အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောဆွေးနွေး

စစ်ကိုင်း   ဒီဇင်ဘာ   ၇

စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ချင်းစုအခြေခံပညာအလယ် တန်းကျောင်းခွဲတို့ ပူးပေါင်း၍ ဒီဇင်ဘာ(၆)ရက်၊ မွန်းလွဲပိုင်းက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောဆွေးနွေပွဲကို အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ဆွေးနွေးပွဲတွင် စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက အလေးအလုပ်သမားဆိုသည်မှာ ဘာလဲ၊ ကလေးအလုပ်သမားများ၏ အကျိုးဆက် များ၊ ကလေးအလုပ်သမားရင်ဆိုင်ရခြင်း၊ အလုပ်ရှင်များ၏ တုံ့ပြန်ချက်များနှင့် စိစစ်ခြင်းများ၊ ဘေးဥပါဒ်အန္တရာယ်ကျရောက်နေသော ကလေးသူငယ်အလုပ်သမားများ၊ အလုပ်ရှင်အဖွဲ့ အစည်းများမှ ကူညီနိုင်မည့် လုပ်ငန်းစဉ်များ၊ ကလေးအလုပ်သမားဆန့်ကျင်ရာတွင် အလုပ်ရှင်အဖွဲ့ အစည်းများ၏ အခန်းကဏ္ဍ စသည့်အကြောင်းအရာများကို ဟောပြောဆွေးနွေးပေးခဲ့သည်။

စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ ကျောင်း သား/ ကျောင်းသူများ အသိပညာဗဟုသုတများရရှိစေရန် အသိပညာပေး ဆွေးနွေးပွဲများကျင်းပခြင်း၊ အသိပညာပေး Talk Show များ ဆောင်ရွက်ခြင်း၊ သုတ/ရသ စာအုပ်/ စာစောင်များ အခမဲ့ငှားရမ်းပေး ခြင်းနှင့် ပြပွဲ/ ပြိုင်ပွဲ၊ စကားဝိုင်းဆွေးနွေးပွဲများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။

ဇော်မြင့်နိုင်