ဟိုပန်၌ (၁/၂၀၂၂) အရန်မီးသတ်လေ့ကျင့်ရေးမွမ်းမံသင်တန်း ဖွင့်လှစ်

ဟိုပန် ဒီဇင်ဘာ ၅

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မြို့နယ် အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မီးသတ်စွမ်းရည်နှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်များ ထက်မြက်ကြစေရန် ရည်ရွယ်၍ (၁/၂၀၂၂) အရန်မီးသတ်လေ့ကျင့်ရေးမွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်မီးသတ်ဉီးစီးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟိုပန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးရန်ပိုင်ဖြိုး က အဖွင့်အမှာစကား ပြောကြားကာ မြို့နယ်မီးသတ်ဉီးစီးမှူး ဦးစိန်ခိုင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်း စည်းမျဉ်း၊ စည်းကမ်းချက်များကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အရန်မီးသတ်တပ်ဖွဲ့ ဝင် သင်တန်းသား(၅၀)ဦးအား တူညီဝတ်စုံများ ပေးအပ်ခဲ့ကြသည်။

အဆိုပါ သင်တန်းကို ဒီဇင်ဘာလ(၅)ရက်နေ့မှ (၃၀)ရက်နေ့အထိ ရက်သတ္တပတ် (၄)ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကာ သင်တန်းတွင် မီးဘေးကြိုတင်ကာကွယ်ရေး၊ မီးငြိမ်းသတ်ရေး နည်းစနစ်၊ ရှာဖွေကယ်ဆယ်ရေးနှင့် စစ်ရေးပြ စသည့် ဘာသာရပ်များအား စာတွေ့၊ လက်တွေ့ သင်ကြားပို့ချ​ပေးသွားမည်ဖြစ်ကြောင်း ဟိုပန်မြို့နယ် မီးသတဦးစီးဌာနမှ သိရသည်။

ခရိုင်(ပြန်/ဆက်)