ဝါးခယ်မ ဒီဇင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ မွန်းလွဲ ၁ နာရီ အချိန်က အရန်းမီးသတ် လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဝါးခယ်မမြို့နယ် မီးသတ်ဦးစီးမှူးရုံး မြို့နယ်မီးသတ်ဦးစီးမှူး ဦးတိုးနိုင်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစွမ်းထက်မှ အဖွင့်အမှာ စကားပြောကြား၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတိုးနိုင်ဦးမှ မီးဘေးလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပေါင်းစပ်ဆောင်ရွက်နိုင်စေရန်၊ အရေးပေါ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရာတွင် အရန်မီးသတ် တပ်ဖွဲ့ဝင်များမှ ပေါင်းစပ်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယခုလို သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး အရန်မီးသတ် တူညီဝတ်စုံများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
အရန်မီးသတ် လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းကို ဒီဇင်ဘာလ ၅ ရက်နေ့မှ ၃၀ ရက်နေအထိ ဖွင့်လှစ်သင်ကြား ပို့ချမည်ဖြစ်ကြောင်း သိရသည်။
ဟိန်းထက်လင်း ဝါးခယ်မ(ပြန်/ဆက်)