ငပုတော ဒီဇင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့တွင် မှတ်ပုံတင်ထားသော ဆန်စက်များအနက် Gasi Fire အသုံးပြုလည်ပတ်လျက်ရှိသော မြောက်ပိုင်းရပ်ကွက်၊ ယုဇနလမ်းရှိ အင်ဂျင်စွမ်းအား Honi Ef.750၊ လျှပ်စစ်စွမ်းအား Kilo 50၊ ရတနာဌေး ဆန်စက်အား ယနေ့ နံနက် (၉)နာရီ အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၂)ဦးသန်းဦးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကြသည် ။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များသည် ရတနာဌေး ဆန်စက်လုပ်ငန်းပိုင်ရှင် ဦးမြင့်ဌေးနှင့်တွေ့ဆုံပြီး ဆန်စက်အတွင်း Gasi Fire အသုံးပြုလည်ပတ်နေမှု အခြေအနေနှင့် ဆန်စက်လည်ပတ်မှု အခြေအနေကိုလည်းကောင်း၊ စပါးအခြောက်ခံကန်တွင် စပါးသိုလှောင်မှု အခြေအနေကိုလည်ကောင်း၊ ရေလှောင်ကန်ထားရှိသည့် အခြေအနေနှင့် ဆန်ထွက်ရှိမှုအခြေအနေကို လည်းကောင်း ကြည့်ရှု့စစ်ဆေးပြီး ဆန်အရည်အသွေး ကောင်းမွန်စွာ ထုတ်လုပ်နိုင်ရေးနှင့် တင်ပို့နိုင်ရေးအတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အောင်သူ (ငပုတော)