ဒဂုံအရှေ့ ဒီဇင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများ အသိပညာဗဟုသုတ ကြွယ်ဝစေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှု့လေ့လာမှု ပိုမိုတိုးပွားစေရန်နှင့် စာအုပ်စာပေများနှင့် ရင်းနှီးကျွမ်းဝင်၍ ပြင်ပဗဟုသုတများရရှိနိုင်စေရန် စာဖတ်ရှိန်မြှင့်တင်ရေး ယနေ့နံနက်ပိုင်းက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက်အဖြစ် ကွင်းဆင်းကာစာအုပ်စာစောင်များအား (အခမဲ့) ငှားရမ်းပေးခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အထက(၃)ကျောင်းရှိ ဆရာ/ ဆရာမများနှင့် ကျောင်းသား/သူများကို ယခင်လက ငှားရမ်းပေးထားသည့် သုတ/ ရသ စာအုပ်များအား ပြန်လည်အပ်နှံ လက်ခံပြီး မဂ္ဂဇင်း(၅၀)အုပ်နှင့်သုတ ပညာရပ်(၄၅)အုပ် စုစုပေါင်း သုတ၊ ရသ စာအုပ် (၉၅)အုပ်အား လဲလှယ်၍ အခမဲ့ ငှာရမ်းပေးခဲ့သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဌာနဆိုင်ရာရုံးများနှင့် အခြေခံပညာကျောင်းများသို့ လစဉ်အလှည့်ကျသွားရောက်၍ နယ်လှည့်စာကြည့်တိုက်အဖြစ် ကွင်းဆင်းကာစာအုပ်၊ စာစောင်များအားငှားရမ်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)