မိုင်းနောင် ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အမျိုးသမီးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ကျွေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီအချိန်က တိုက်နယ်ကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့ပါသည်။
မိုင်းနောင်မြို့ တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ခံ ဆရာမ ဒေါ်နန်းမေထားနှင့် ဝန်ထမ်းများသည် မြို့ပေါ်ရပ်ကွက်နှင့်တပ်ရင်းတပ်ဖွဲ့များမှ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ငှက်ဖျား၊ AIDS နှင့် အခြားရောဂါများ ရှိ/မရှိ စစ်ဆေးပေးခြင်းနှင့် ကာကွယ်ဆေးများထိုးနှံပေးခြင်း၊ အမျိုးသမီးငယ်များအား ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင်မိခင်(၅၀)ဦး၊ အမျိုးသမီးငယ်များ(၂၀)ဦးက ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကာကွယ်ဆေးများ လာရောက်ထိုးနှံခဲ့ ကြောင်း သိရသည်။
မိုးသောက်(မိုင်းနောင်)