ဒဂုံတောင် ဒီဇင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ယမန်နေ့မွန်းလွဲ (၁၃:၀၀)နာရီအချိန်က မြို့နယ်စာရေးဆရာအသင်းမှ လစဉ်ပုံမှန်အစည်းအဝေးပြုလုပ်ခြင်း၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာအုပ်စာစောင်ပြပွဲ ပြုလုပ်ခြင်းကို လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာနေစိုးသော်က အသင်းဝင် စာရေးဆရာများအနေဖြင့် မိမိတို့တက်မြောက်ထားသော ကလောင်စွမ်းရည်ဖြင့် စာပေများရေးသားစေလိုကြောင်း ရပ်တန့်မနေသင့်ဘဲ လိုအပ်ချက်များရှိပါက ဆွေးနွေးတိုင်ပင်သင့်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော စာရေးဆရာအသင်းဝင်များမှ အပြန်အလှန်ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များတွင် ပါရှိသောအကြောင်းအရာများအား လေ့လာကြည့်ရှုခဲ့ကြပြီး စာအုပ်စာပေပြသထားရှိမှုများ ဆက်လက်ကြည့်ရှုကာ သုတ၊ရသ စာအုပ်များ ဌားရမ်းခဲ့ကြကြောင်း သတင်းရရှိသည်။
သက်မင်းဟန်(ဒဂုံတောင်)