ညောင်ဦး ဒီဇင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးနိုင်မှုအခြေအနေ ယနေ့နံနက်ပိုင်းအချိန်ထိ ဦးထိုးနှံပေးခဲ့ပြီဖြစ်ကြောင်း၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
ညောင်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်ရန် ညောင်ဦးမြို့နယ်တွင် သတ်မှတ်စုရပ်နေရာများတွင် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ညောင်ဦးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်မှု ၃၀၄,၈၇၄ ဦး ထိုးပေးနိုင်ခဲ့ပြီး ရာနှုန်းပြည့် ထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ထပ်ဆောင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ ၄,၀၀၀ ဦး ထိုးနှံပေးခဲ့ပြီဖြစ်ကြောင်းနှင့် ဆက်လက်ထိုးပေးနိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကိုကြေးမုံ