ဟင်္သာတ ဒီဇင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ အရန်မီးသတ် (မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ဟင်္သာတခရိုင်မီးသတ်စခန်း အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်စွာထွန်းမှ မီးသတ်တပ်ဖွဲ့တွင်ရှိသည့် အဓိကတာဝန်ဖြစ်သော မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးစသည့် တာဝန်ကြီး(၄)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ကြောင်း အရန်မီးသတ် တပ်ဖွဲ့ဝင်များအဖြစ် ရပ်ရွာလုံခြုံရေး၊ လူမှုရေး၊ ဘာသာရေး၊ သာသနာရေးများတွင် မိမိတို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်သွားကြရန် အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနောင်မှ သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ အားရှင်းလင်းပြောကြားပြီး ဒုဦးစီးမှူး ဦးသွင်ကိုကိုအောင်မှ သင်တန်းသားများအား တူညီဝတ်စုံများပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းကို သင်တန်းသား ၅၀ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ဒီဇင်ဘာ ၅ ရက်နေ့မှ ဒီဇင်ဘာ ၃၀ ရက်နေ့ထိ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဇော် - ဟင်္သာတ