ငရုတ်ကောင်းမြို့ရှိ ပြည်သူများအနေဖြင့် စွန့်ပစ်အမှိုက်များအား စနစ်တကျ စွန့်ပစ်ရေးအတွက် ကားဂိတ်၊ လူစည်ကားရာနေရာများနှင့် လမ်းဆုံနေရာများတွင် ဗီနိုင်းပိုစတာများ စိုက်ထူခြင်းဆောင်ရွက်

ငရုတ်ကောင်း ဒီဇင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ရှိ ပြည်သူများအနေဖြင့် စွန့်ပစ်အမှိုက်များအား သတ်မှတ်ထားသည့် နေရာများတွင် စနစ်တကျ စွန့်ပစ်ရေး အသိပေး ဗီနိုင်းပိုစတာများကို ကားဂိတ်၊ လူစည်ကားရာနေရာများနှင့် လမ်းဆုံနေရာများတွင် လိုက်လံစိုက်ထူခြင်းကို ယမန်နေ့ညနေပိုင်းက မြို့အုပ်ချုပ်ရေးမှူး ဦးဝေယံဦး၊ မြို့စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးရဲထွန်းဦးနှင့် ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ဦးဖြိုးမင်းနောင်တို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ကြရာတွင် Clean City,Green City,Smart City ဖြစ်ပေါ်လာစေရေး သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြရာ ပြည်သူများအနေဖြင့် စွန့်ပစ်အမှိုက်များအား သတ်မှတ်ထားသည့် နေရာများတွင် စနစ်တကျ စွန့်ပစ်ကြရန် အသိပေးပိုစတာ ဗီနိုင်းများ လိုက်လံစိုက်ထူခြင်း ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ငရုတ်ကောင်း(ပြန်/ဆက်)