စစ်ကိုင်း ဒီဇင်ဘာ ၃
စစ်ကိုင်းမြို့တွင် ၂၀၂၂-ခုနှစ်၊ ဒီဇင်ဘာ အားကစားလ(ပထမပတ်) လူထုစုပေါင်း လမ်းလျှောက်ပွဲကို ဒီဇင်ဘာ(၃)ရက်၊ နံနက်(၅)နာရီခွဲ စစ်ကိုင်းမြို့၊ မြို့တော်ခန်းမရှေ့ စုရပ်အဖြစ်သက် မှတ်ကာ စတင်စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေး လူထုစုပေါင်း လမ်းလျှောက်ပွဲသို့ စစ်ကိုင်းခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များက မြို့တော်ခန်းမရှေ့မှ ရွှေပန်းခြံလမ်း၊ ထိုမှတဆင့် ထူပါရုံလမ်း၊ ဧရာဝတီမြစ်ကမ်းနားလမ်း တစ်လျောက်တို့ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ပိုးတန်းရပ်ကွက် မြို့မအားကစား ဘောလုံးကွင်းအတွင်းသို့ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အတွဲ(၁)နှင့် Fitness Dance ဖြင့် ကိုယ်လက်လှုပ်ရှားဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လူထုစုပေါင်းလမ်းလျောက်ပွဲအပြီးတွင် စစ်ကိုင်းခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ပိုးတန်းရပ်ကွက် အားကစားခန်းမအတွင်း ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဘော်လီဘော ပြိုင်ပွဲ များကိုလည်း ဆက်လက်ကျင်းပခဲ့ကြောင်းသိရသည်။
ဇော်မြင့်နိုင်