ရန်ကုန် နိုဝင်ဘာ ၁၉
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “တူယှဉ်နွှဲပျော်ဂီတပွဲတော်” Season-2 သီချင်းဆိုပြိုင်ပွဲကိုရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် စက်တင်ဘာ ၂ ရက်မှစတင်ပြီး ပွဲစဉ် ၁၈ ပွဲဖြင့် အပတ်စဉ်သောကြာနေ့ ညတိုင်းကျင်းပလျက် ရှိရာ ဒီဇင်ဘာ ၃၀ရက်အထိဆက်လက်ကျင်းပမည်ကြောင်းသိရသည်။
ယင်းပြိုင်ပွဲသို့ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှရွေးချယ်ထားသည့် ပြိုင်ပွဲဝင် သုံးဦးစီဖြင့် စုစုပေါင်း ၄၅ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲ၏ ဒုတိယအဆင့် (Level-2) တွင် ယှဉ်ပြိုင်ရန် ပြိုင်ပွဲဝင်၁၀ဦးပေါ်ထွက်လာပြီဖြစ်၍ နိုဝင်ဘာ၁၈ရက်သောကြာနေ့ည ၉ နာရီခန့် တွင်ပွဲစဉ်(၁၂)အားစိတ်ကြိုက်တေးသီချင်းများဖြင့် သီဆိုယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ယင်းတို့၏ သီဆိုယှဉ်ပြိုင်ကြပုံများကို MRTV-HD မှ တိုက်ရိုက် (Live) ရိုက်ကူးထုတ်လွှင့်သွားမည်ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲ၏ ဒုတိယအဆင့် (Level2)မှစ၍အကဲဖြတ်ဒိုင်များ၏အမှတ်ပေးမှု၃၀ရာခိုင်နှုန်းနှင့် ပရိသတ်များ၏ SMS Voting ဖြင့် ပေးပို့မှ ၇၀ ရာခိုင်နှုန်း သတ်မှတ်ထားရှိရာ ပရိသတ်များအနေ ဖြင့်ပြိုင်ပွဲဝင်များဖြစ်ကြသော ကချင်ပြည်နယ်မှ မေဇီ (MFOI)၊ ချင်းပြည်နယ်မှ မြင့်မြတ်သူ (MFO2)၊ ရန်ကုန်တိုင်းဒေသကြီးမှ ထွန်းပပအောင် (MFO3)၊စစ်ကိုင်းတိုင်းဒေသကြီးမှ ရေဂျီးနား (MFO4)၊ပဲခူးတိုင်းဒေသကြီးမှလျှမ်းထက်ကို(MF05၊ ကရင်ပြည်နယ်မှ ချိုသဲဦး(MFO6)၊ ကချင် ပြည်နယ်မှလလဆွတ်(MFO7)၊စစ်ကိုင်းတိုင်းဒေသကြီးမှဇင်လေး(MFO8)၊နေပြည်တော်မှ ပူတူး (MFO9) နှင့် ဧရာဝတီတိုင်းဒေသကြီးမှ စိုးထက်အောင် (MF10) တို့အား Voting Line ဖွင့်ပေးထားသည့် အချိန်အတွင်း SMS အရေအတွက် အကန့်အသတ်မရှိပေးပို့နိုင်မည်ဖြစ်သည်။
Voting Line ကို ပွဲစဉ် (၁၂) စတင်ထုတ်လွှင့်မည့် နိုဝင်ဘာ ၁၈ရက်နေ့ ည ၉ နာရီမှ ပွဲစဉ်(၁၃) Result Show ထုတ်လွှင့်မည့် နိုဝင်ဘာ၂၅ ရက် ည ၉ နာရီမတိုင်မီ မွန်းတည့် ၁၂ နာရီအထိ ဖွင့်လှစ်ပေးထားမည်ဖြစ်ရာ ပရိသတ်များအနေဖြင့် မိမိကြိုက်နှစ်သက်သည့်ပြိုင်ပွဲဝင်ကို SMS Voting ပေးပို့နိုင်မည်ဖြစ်သည်။ အဆိုပါအစီအစဉ်ကိုနိုဝင်ဘာ ၂၀ ရက်(တနင်္ဂနွေနေ့)နံနက် ၁၀ နာရီခန့်တွင်ပြန်လည်ပြသမည်ဖြစ်ကြောင်းသိရသည်။
အောင်မြင့်(ပြန်/ဆက်)