စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်း မဲစာရင်းများမှန်ကန် ရေးအတွက် မြေပြင်စာရင်းကောက်ယူနိုင်ရေး လုပ်ငန်းညှိနိုင်းအစည်းအဝေး တက်ရောက်

မုံရွာ နိုဝင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မဲစာရင်းများမှန်ကန်ရေးအတွက် မြေပြင်စာရင်းကောက် ယူနိုင်ရေးလုပ်ငန်းညှိနိုင်း အစည်းအဝေးကို နိုဝင်ဘာလ(၁၈)ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင် ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတစ်နိုင်ငံအနေဖြင့် ပြည်သူလူထုရွေးချယ်တင်မြှောက်သည့် အစိုးရတစ်ရပ် ပေါ်ပေါက်လာစေရန် အတွက် ရွေးကောက်ပွဲများကျင်းပပြီး အနိုင်ရသည့်ကိုယ်စားလှယ်များဖြင့် အစိုးရတစ်ရပ်ဖွဲ့စည်းကာ တိုင်းပြည်၏ အရေးအရာအားလုံးကို တက်ရောက် လာသည့် အစိုးရများက တာဝန်ယူ ဆောင်ရွက်ရသည်ကို အားလုံးအသိဘဲဖြစ်ပါကြောင်း၊ ပြည်သူလူထု၏ဆန္ဒနဲ့အညီ ရွေးချယ်တင်မြောက်သည့်နေရာတွင် အဓိကကျသည့် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများမှန်ကန် ရေးအတွက် တာဝန်ရှိသူအားလုံးက အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊

ပြည်သူလူထုအား မိမိပါတီအနိုင်ရရှိရေးအတွက် ခြိမ်းခြောက်ခြင်း၊ ဖိအားပေးခြင်း၊ မသင့်မလျော်သည့် စည်းရုံးမှုများဖြင့် ဆောင်ရွက်ခြင်း၊ မဲစာရင်းများ လိမ်လည်ဆောင် ရွက်ခြင်း၊ နိုင်ငံတော်ငွေကြေးများဖြင့် တလွဲစည်းရုံးဆောင်ရွက်ခြင်းစတဲ့ ရွေးကောက်ပွဲ ဆိုင်ရာပြစ်မှုများ၊ မရိုးသားမှုများ ရှိကြသည့်အတွက် မှန်ကန်သည့် ရွေးချယ်တင်မြှောက်မှု မဖြစ်နိုင်တဲ့အတွက် မလိုလားအပ်တဲ့ ကိစ္စရပ်တွေ ပေါ်ပေါက်ခဲ့ရပါကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အမှားများကဲ့သို့မဖြစ်စေရေး အလေးထားဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း၊

၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲ၏ အဓိကမှားယွင်းချက်များကို လေ့လာရာတွင် နိုင်ငံသားစိစစ်ရေးကဒ်များ စနစ်တကျမရှိခြင်း၊ ဖောင်းပွနေခြင်းနှင့် လူတစ်ဦးတည်းက ဆပွားပုံစံဖြင့် ဆောင်ရွက်သည့် ကိစ္စရပ်များကြောင့် မဲစာရင်းများမမှန်မကန်ဖြစ်ပြီး ရလာဒ် အဖြေများ မှားယွင်းခဲ့သည့်ကိစ္စရပ်များ ပေါ်ပေါက်ခဲ့ရပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း အိမ်ထောင်စု၊ လူဦးရေစာရင်းများမှန်ကန်ရေးအတွက် တာဝန်ရှိသူအားလုံးက တာဝန်သိစိတ်ဖြင့် လုပ်ငန်းဆောင်ရွက်ရာမှာ မိမိတို့ဝန်ထမ်းအားလုံး ကျရာအခန်းကဏ္ဍကနေ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး၊ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးအေးလိူင်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ဆန်းတို့က တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် မဲစာရင်းများမှန်ကန်ရေးအတွက် မြေပြင်စာရင်းကောက်ယူနိုင်ရေး လုပ်ငန်းများဆောင်ရွက်ထား ရှိမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများအား ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ရုံး တိုင်းဒေသကြီးဦးစီးမှူး ဦးသာင်းဒန်က လုပ်ငန်းများဆောင်ရွက်သွားမည့် အခြေအနေများအား လည်းကောင်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနများအလိုက် မဲစာရင်းများမှန်ကန်ရေးအတွက် မြေပြင်စာရင်းကောက်ယူနိုင်ရေး လုပ်ငန်းများတွင် တာဝန်ယူဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက် လာသူများက တိုင်းဒေသကြီးအတွင်း မဲစာရင်းများမှန်ကန်ရေးအတွက် မြေပြင်စာရင်းကောက် ယူနိုင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီးအကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်း ခဲ့ကြောင်းသိရသည်။

တိုင်းဒေသကြီး၊ ပြန်/ဆက်။