ပြည် နိုဝင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ သိရိခေတ္တရာရတနာမြို့တော်ခန်းမ၌ ယမန်နေ့ နံနက်(၇)နာရီအချိန်က ၂၀၂၂ ခုနှစ် (၁၀၂) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရှေးဦးစွာ အ.ထ.က(၅) ကျောင်းသား/ကျောင်းသူ ကလေးများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး၊ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနက ပေးပို့သောသဝဏ်လွှာကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က ဖတ်ကြားသည်။
ယင်းနောက် ၂၀၂၂ ခုနှစ် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေးပြိုင်ပွဲ (ဗဟိုအဆင့်)တွင် ဆုရရှိသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်ဆုများ ပေးအပ်ချီးမြှင့်ပြီး အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲတို့တွင် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ပြီး အမျိုးသားနေ့ အထိမ်းအမှတ် ပိုစတာပြိုင်ပွဲမူလတန်း၊ အလယ်တန်း၊ အထက်တန်း အဆင့်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် အမျိုးသားနေ့ အတိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ အထက်တန်းနှင့် အလယ်တန်းအဆင့်ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး၊ အထက်တန်းအဆင့်ကျပန်းစကား ပြောပြိုင်ပွဲတွင် ပထမဆုရကျောင်းသူ မပြူဇင်အောင် အ.ထ.က(၃)နှင့် အလယ်တန်အဆင့်ကျပန်း စကားပြောပြိုင်ပွင်တွင် ပထမဆုကျောင်းသူ မသင်မြတ်ရွှေရည် အ.ထ.က(ခွဲ)တီတွတ်တို့က ပြန်လည်တင်ဆက် ဖျော်ဖြေခဲ့ကြသည်။
ထို့နောက် ဆုရကျောင်သား၊ ကျောင်းသူများနှင့် အမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသို့ ခရိုင်နှင့် မြို့နယ်အဆင့်တာဝန်ရှိများ ဆုရကျောင်းသား၊ ကျောင်များနှင့် ကျောင်သားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုစိုး(ပြည်)