ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ခင်စောတင့်ရေး သားသည့်  "စိတ်ကိုလှပအောင်ပြင်နည်း"စာအုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ်

ရွှေသောင်ယံ နိုဝင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး၊ Community Centre ခန်းမတွင် ယနေ့နံနက်(၁၀)နာရီက စာရေးဆရာမခင်စော တင့်ရေးသားသည့်စိတ်ကို လှပအောင်ပြုပြင်နည်း(ဘာသာပြန်) စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့ကြသည်။

စာဖတ်ဝိုင်းတွင် ရွှေသောင်ယံမြို့ရှိ Book Club၊Youth Club၊အဖွဲ့ဝင်များမှ စာအုပ်ပါအကြောင်း အရာများနှင့်ဆွေးနွေးကြရာ ယခုစာအုပ်သည် အသိ၊သတိဖြင့်နေထိုင်နည်း ကိုရေးသားဖေါ်ပြ ထားသည့်အတွက် စိတ်ဖိစီးမှုကိုလျှော့ကျစေခြင်း၊ သတိနှင့်နေခြင်းက မိမိဘဝအတွက်များစွာ အကျိုးရှိစေခြင်း၊ စိတ်ချမ်းသာမှုကိုရရှိစေခြင်း၊ သတိရှိနေသည့်အခါမိမိစိတ်သည် ဖြန့်လွင့် နေခြင်း မဟုတ်ဘဲလက်ရှိအလုပ်အပေါ်မှာ သာအာရုံစူးစိုက်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများ အပါအဝင်အသိ၊ သတိကပ်ခြင်းကြောင့်မည်သို့ မည်ပုံအကျိုးကျေးဇူး ရရှိပုံတို့ကိုရေးသား ထားသည့် စာအုပ်ပါအကြောင်း အရာများကို ဆွေးနွေးခဲ့ကြသည်။

ရွှေသောင်ယံ(ပြန်/ဆက်)