ကန်ကြီးထောင့်မြို့နယ်တွင် မြစိမ်းရောင် (အသားကဏ္က)ကျေးရွာ စီမံကိန်း ရံပုံငွေပေးအပ်ပွဲအခမ်းအနား ကျင်းပ

ကန်ကြီးထောင့် နိုဝင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြစိမ်းရောင် (အသားကဏ္က) ကျေးရွာစီမံကိန်း   ရံပုံငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကန်ကြီးထောင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပုသိမ်ခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသိန်းဆွေဦးက မြစိမ်းရောင် ကျေးရွာစီမံကိန်းပေးအပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာကြည်လင်းစိုးက အသားကဏ္က အထွက်တိုးတက်ရရှိရေး ဆောင်ရွတ်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ကျေးရွာစီမံကိန်းရံပုံငွေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က ပေးအပ်ခဲ့ရာ ကျေးရွာမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။ ထို့နောက် မြစိမ်းရောင်ကျေးရွာ ကော်မတီအဖွဲ့ဝင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

မဇင်(ပြန်/ဆက်)