မိုးညှင်း အောက်တိုဘာ ၄
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ စပါးသီးနှံတွင် ကျရောက်တတ်သော ပိုးမွှားရောဂါများ ကာကွယ်ရေး အသိပညာပေး Talk Show ကို ယမန်နေ့ နံနက်(၁၀)နာရီခွဲက လူထုအခြေပြုဗဟိုဌာန၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တိုးတိုးမေက အဆိုပါ အသိပညာပေး Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ဆွေးနွေးပြောကြားပြီး ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်ဆွေဆွေဝင်းက တောင်သူများ စိုက်ပျိုးကြသည့် သီနှံပင်များတွင် အထွက်နှုန်းနှင့် အရည်အသွေးများကို ထိခိုက်ကျဆင်းစေသည့် အကြောင်းအရာများကိုလည်းကောင်း၊ စပါး သီးနှံများတွင် ကျရောက်တတ်သည့် ဖျက်ပိုးအမျိုးအစားများကို လည်းကောင်း၊ စပါးသီးနှံ၏ အထွက်နှုန်းကို သိသာစွာ ကျဆင်းစေတတ်သော ကြက်သွန်မြိတ်ပိုးနှင့် ပတ်သက်သည့် အကြောင်းအရာများကိုလည်းကောင်း၊ စိုက်ပျိုးနည်းစနစ်များဖြင့် ကာကွယ်နှိမ်နင်းနိုင်သည့် နည်းလမ်းကောင်းများကိုလည်းကောင်း ဆွေးနွေးပြော ကြားခဲ့သည်။
ထို့နောက် အသိပညာပေးလုပ်ငန်းနှင့် ပတ်သက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆံရေးဦးစီးဌာနအနေဖြင့် လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်သူများအား အသိပညာ ဗဟိုသုတများ တိုးပွားလာ စေရန်အတွက် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းပြီး အွန်လိုင်းမှတစ်ဆင့် အသိပညာပေးလုပ်ငန်း များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)