မြောင်းမြမြို့ ပြည်သူ့ဆေးရုံကြီးတွင် အကူသူနာပြု (ပြင်ပ) သင်တန်းဆင်းပွဲကျင်းပ

မြောင်းမြ အောက်တိုဘာ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၌ အကူသူနာပြု(ပြင်ပ) ()လ သင်တန်းဆင်းပွဲ အခမ်း အနားကို ယနေ့ နံနက် ၁၀ နာရီက မြောင်းမြမြို့ ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲတွင် မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက အဖွင့်အမှာစကား ပြောကြားရာတွင် အကူသူနာပြုသင်တန်းကို စာတွေ့လက်တွေ့ လေ့လာသင်ယူပြီး အရည် အချင်း ပြည့်ဝစွာဖြင့် အောင်မြင်ခဲ့၍ သင်တန်းဆင်းလက်မှတ်ကို လက်ခံရယူကြရမှာ ဖြစ်ကြောင်း၊ ယခုသင်တန်းကို နိုင်ငံတော်မှ ၂၀၂၂ ခုနှစ် သြဂုတ်လမှ စတင်ပြီး လစာနှုန်းထား (၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀)ကျပ် စတင်ပေးပြီး ထောက်ပံ့ခဲ့ကြောင်း၊ အကူသူနာပြုများသည် နိုင်ငံတော်ရဲ့ လိုအပ်ချက်အတွက် တစ်ထောင့်တစ်နေရာကနေ ဖြည့်တင်းလုပ်ကိုင်ရင်း မိမိအပါအဝင် မိသားစု၊ ပတ်ဝန်းကျင်နဲ့ ပြည်သူလူထုတစ်ရပ်လုံးအတွက် အလုပ်အကျွေးပြုပြီး ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများကို ဦးဆောင်ကြိုးပမ်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။

ဆက်လက်ပြီး မြောင်းမြပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ထွန်းထွန်းဝင်းက သင်တန်းနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြသည်။

ထို့နောက် သင်တန်းတွင် ပထမဆုရရှိသည့် နန့်ဇင်မာစိုး၊ ဒုတိယဆုရရှိသည့် မစန္ဒာစိုး၊ တတိယ ဆုရရှိသည့် နန့်ရှာခီ၊ အထူးဆုရရှိသည့် မောင်သီဟမျိုးတို့နှင့် နှစ်သိမ့်ဆုရရှိသူများကို ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ သင်တန်းသားသင်တန်းသူများကိုယ်စား နန့်ဇင်မာစိုးက ကျေးဇူး တင်စကား ပြန်လည်ပြောကြားခဲ့ပြီးနောက် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။

​မြောင်းမြမြို့ ပြည်သူ့ဆေးရုံကြီးတွင် အဆိုပါ အကူသူနာပြု (ပြင်ပ)()လသင်တန်းကို ၂၀၁၆ ခုနှစ်တွင် သင်တန်းသား/သူ (၄၆)ဦးဖြင့် စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် သင်တန်းသား၊ သင်တန်းသူ (၁၈)ဦးကို ဒုတိယအကြိမ် မွေးထုတ် သင်ကြား ပေးနိုင်ခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင် (ပြန်/ဆက်)