ဒလ အောက်တိုဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုသောအားဖြင့် မြတ်ဆရာပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်း၏ ကုမုဒြာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် အသက် ၇၀ နှစ်နှင့် အထက်ရှိသော သက်ကြီး ဆရာ၊ ဆရာမကြီးများအား ဂါရဝပြု ပူဇော်ကန်တော့ကြသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေး ဦးဆောင်၍ ကျောင်းအုပ်ဆရာ၊ဆရာမကြီးများက ကန်တော့ခံ ဆရာ၊ဆရာမကြီးများအား ပူဇော်ကန်တော့ငွေနှင့် ပစ္စည်းများလှူဒါန်းပေးအပ်ရာတွင် ပူဇော်ခံ သက်ကြီး ဆရာ၊ ဆရာမကြီးများ၏ ကိုယ်စား ဆရာကြီး တစ်ဦးက ဆုတောင်းမေတ္တာများ ပြန်လည်ပို့သသည်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၅ရက်နေ့သည် ကမ္ဘာ့ဆရာများနေ့ဖြစ်ပြီ ၁၉၉၄ ခုနှစ်မှစ၍ ကျင်းပ လျက်ရှိရာ (၂၈)ကြိမ်မြောက် တိုင်ခဲ့လေသည်။ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့ဆောင်ပုဒ်မှာ “ပညာရေးပြုပြင်ပြောင်းလဲမှု ဆရာများနှင့် အစပြု” ဟူသည့်ဆောင်ပုဒ်နှင့်အညီ ကမ္ဘာ့ဆရာ များနေ့ ကျင်းပသည့်အခါသမယတွင် သီတင်းကျွတ်ချိန်နှင့် တိုက်ဆိုင်လျက်ရှိရာ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာအရ အန္တဂိုဏ်းဝင် ဆရာများအပေါ် ရိုသေဂါရဝပြု ပူဇော်ကန်တော့လျက် ရှိကြသည်။
အဆိုပါ ဆရာ၊ ဆရာမကြီးများသည် ဒလမြို့နယ်တွင် တာဝန်ထမ်းဆောင်၍ အငြိမ်းစားယူခဲ့ ကြသော မြို့နယ်ပညာရေးမှူး ၁ ဦး၊ အထက်တန်းကျောင်းအုပ် ၅ ဦး၊ အလယ်တန်းကျောင်းအုပ်ကြီး ၂ ဦး၊ မူလတန်းကျောင်းအုပ်ကြီး ၁၀ ဦး စုစုပေါင်း ၁၈ ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရှိရ သည်။ အဆိုပါ အခမ်းအနားသို့ ဆရာ၊ ဆရာမ ၇၆ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ ၂၀၀ ဦး တက်ရောက်ခဲ့သည်။
သီတာဝင်း (ပြန်/ဆက်)