ကျောင်းကုန်းမြို့၌ သီးသန့်လူနာဆောင် ဆောက်လုပ်နေမှု ၇၀% ခန့် ပြီးစီးပြီဖြစ်

ကျောင်းကုန်း အောက်တိုဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်း၌ သီးသန့်လူနာများ ထားရှိဖို့ RC နှစ်ထပ်ဆောင် ဆောက်လုပ်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ၇၀% ပြီးစီးပြီ ဖြစ်တယ်ဟု Min Dhama ကုမ္ပဏီမှ တာဝန်ခံတစ်ဦးက ပြောသည်။

အဆိုပါ သီးသန့်လူနာများ ထားရှိရန်အတွက် R C နှစ်ထပ်ဆောင်သည် အလျား(၁၃၀)ပေ၊ အနံ(၃၈)ပေ၊ အမြင့်(၂၄)ပေဖြစ်ပြီး သီးသန့်လူနာခန်းပေါင်း(၃၂)ခန်း၊ ရေချိုးခန်း၊ အိမ်သာအပေါ်ထပ်()ခန်း၊ အောက်ထပ် ()ခန်း ပါရှိမည်ဖြစ်သည်။ ရေမီးအစုံ ပန်ကာနှင့် လူနာကုတင်များပါ တပ်ဆင်ပေးမည်ဖြစ်ပြီး Min Dhama ကုမ္ပဏီမှ တာဝန်ယူတည်ဆောက် လျက်ရှိကြောင်း သိရသည်။

အလှူရှင် ဦးတွမ်ကြီး+ဒေါ်ကျင်ရှိန် အမှူးထား၍(သား) ဦးကြည်လွင်+ဒေါ်သီသီဆန်း Tun  Myat  Thu  Internation Co,ltd က ကျောင်းကုန်းမြို့နယ်အသင်း (ရန်ကုန်)အတွင်းရေးမှူး ဖြစ်ပြီး မိမိဇာတိမွေးရပ်မြေဖြစ် သည့် ကျောင်းကုန်းမြို့မှာယခုလို သိန်းပေါင်း(၆၆၀၀)ကျော် တန်ဖိုးရှိ သီးသန့်လူနာဆောင် ဆောက်လုပ်ပေးခြင်း ဖြစ်ကြောင်း၊ သူ၏မိတ်ဆွေများက လည်း ကုသိုလ်ပါဝင်လှူဒါန်းကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)