ကန်ကြီးထောင့်မြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ကန်ကြီးထောင့် အောက်တိုဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင်  ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်း အနားနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက်တွင်  ကန်ကြီးထောင့်မြို့ အမှတ် (၁) ရပ်ကွက်  အထကရှိ အမျိုးသား ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က  အဖွင့်အမှာစကားပြောကြားခဲ့ပြီး  မြို့နယ်ပညာရေးမှူး  ဒေါ်တင်မေသန်းက  အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်အား  ရှင်းလင်းပြောကြားခဲ့ သည်။ ထို့နောက်  ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ကျင်းပခဲ့သော စာစီစာကုံး၊ ကဗျာ အပါအဝင်ပြိုင်ပွဲများ တွင် ဆုရရှိ ကြသူများအား  တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

မဇင် (ပြန်/ဆက်)