ကွမ်းခြံကုန်းမြို့နယ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် (TAlk Show ) ကျင်းပ

ကွမ်းခြံကုန်း    အောက်တိုဘာ   ၃

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကမ္ဘာ့ဆရာများနေ့အကြောင်း သိကောင်းစရာ Talk Show ကို ယနေ့နံနက် ၉ နာရီ က ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ကျင်းပပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးနှင့် စာရေးဆရာ (သန်းမြင့်သန်း) ကွမ်းခြံကုန်း တို့က အောက်တိုဘာလ ()ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် ဆရာများ၏ ကျေးဇူးကြီးမားပုံအကြောင်းအရာများကို အသိပညာပေး ဆွေနွေးခဲ့သည်။

ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက် Online page မှ တဆင့် စာအုပ်မိတ်ဆက်၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်းအပြင် စာအုပ်များငှားရမ်းပေးခြင်း၊ ပြပွဲများ၊ ပြိုင်ပွဲများ၊ ကျင်းပပြုလုပ်ပေးခြင်းနှင့် (Talk Show) အစီအစဉ်များကိုလည်း စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆွေနွယ် (IPRD)