လိပ်သို အောက်တိုဘာ ၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့မွန်းတည့် ၁၂ နာရီအချိန်က ကျောင်းသား/ကျောင်းသူများအား တီထွင်ကြံဆတတ်စေရန် စာကြည့်တိုက်နှင့်ရင်းနှီးပြီး စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန်နှင့် အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ “ ကမ္ဘာ့ဆရာများနေ့ ” အထိမ်းအမှတ်အဖြစ် ပြပွဲ/ပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများဆောင်ရွက်ပေးခြင်းဖြင့် လူထုအခြေပြုဗဟိုဌာန ကလေးစာဖတ်ခန်းသို့ ပုံမှန်လာရောက်လေ့လာကြသည့် လိပ်သိုမြို့အမှတ် (၁) ရပ်ကွက်နှင့် အမှတ် (၃) ရပ်ကွက်မှ ကျောင်းသား/ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်နှင့် ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လက်မှုပညာတိုးတက်စေပြီး ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရေးအတွက် စာအုပ်/စာစောင်ပြပွဲ၊ ခါးလှည့်ကွင်းပြိုင်ပွဲနှင့် ကျားကွက်ရွေ့ပြိုင်ပွဲများ ဆောင်ရွက်ပေးလျက်ရှိပြီး လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသား လူငယ်များအား အမှတ်တရလက်ဆောင်အဖြစ် ဗလာစာအုပ်များ ပေးအပ်ခြင်း၊ အဟာရမုန့်များ ကျွေးခဲ့ပြီး ပြိုင်ပွဲများကို အပတ်စဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)