မြောင် အောက်တိုဘာ ၃
မြောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ရုံးဝန်ထမ်းများ စာဖတ်ရှိန်မြင့်မားစေရေးအတွက် ရုံးတွင်းစာဖတ်ဝိုင်းကို နံနက်(၁၀)နာရီက မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ထက်ထက်လင်းက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်မီမီကျော်က စာရေးဆရာမ ဒေါ်ခင်စောတင့် ရေးသားသည့် '' အခက်အခဲအကျပ်တည်းလာသောအချိန်မှာ စိတ်ချမ်းမြေ့စရာ" စာအုပ်ကို ဖတ်ကြားရှင်းလင်းပြီး ဝန်ထမ်းများနှင့် ဆွေးနွေးခဲ့ပြီးနောက် လိုအပ်သည်များကို မြို့နယ်ဦးစီးအရာရှိက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မြောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ စာအုပ်စာစောင်ပြပွဲများ၊ ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများ၊Talk Show ဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်