မြို့သစ်တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

မြို့သစ် အောက်တိုဘာ ၃

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ကဗျာရွတ်ဆိုပြိုင်ပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့သစ်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က ကျောင်းသား/ ကျောင်းသူများ ဉာဏ်အရည်အသွေး ထက်မြက်လာစေရန်နှင့် စာဖတ်စွမ်းအားမြင့်မားလာစေရန် ရည်ရွယ်ကာ ပြိုင်ပွဲများကို ကျင်းပပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူ (၁၁)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်၊ ဆရာဦးတင်မောင်ဝင်းနှင့် ဆရာကံရင်တို့က ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန၊ မြို့သစ်မြို့နယ်ရုံးတွင်   ကျောင်းသား/ ကျောင်းသူလူငယ်များနှင့်​ သေခံပြည်သူများ အသိပညာဗဟု သုတရရှိစေရန် ရည်ရွယ်၍ သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများနှင့် အသိပညာပေး (TalkShow) များကိုလည်း လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်/ ဆက်)