ပုသိမ်ကြီး အောက်တိုဘာ ၃
ပုသိမ်ကြီး အောက်တိုဘာ ၃မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မြို့မဈေးကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mask စနစ်တကျတပ်ဆင်အသုံးပြုရေး Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက မြို့မဈေးအတွင်း/အပြင်၌ ဆောင်ရွက် ခဲ့ကြသည်။
အဆိုပါ Mask Campaign ဆောင်ရွက်ရာတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဦးသန်းစိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသန့်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးအဖွဲ့ဝင်များ ပူးပေါင်း၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင် (၇၅၀) ဖြန့်ဝေခြင်းနှင့် Mask အခုရေ (၁၅၀၀) တို့ကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်