သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး Mask Campaing  ဆောင်ရွက်

သရက် အောက်တိုဘာ ၃

မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့်အရေးပေါ်ကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှင့် မျိုးရိုးဗီဇပြောင်း ဗိုင်းရစ်များ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ယနေ့နံနက်(၉)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင်  Mask Campaing လှုပ်ရှားမှုအဖြစ် ကျောင်းသား/ ကျောင်းသူများအား နှာခေါင်းစည်း (Mask) အခမဲ့ဖြန့်ဝေပေးခဲ့ပြီး (Mask) စနစ်တကျ တပ်ဆင်တတ်စေရန် အသိပညာပေး ပြောကြားပေးခဲ့သည်။        

အဆိုပါ နှာခေါင်းစည်း (Mask) အခမဲ့ ဖြန့်ဝေဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ ဒုတိယမြို့နယ် ပညာရေးမှူးနှင့် ဆရာ/ ဆရာမများ၊ မီးသတ်တပ်ဖွဲ့ဝင်များက နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန်ဝေပေးခဲ့ပြီး ကျန်းမာရေးမှူး အဆင့်(၁) က ကျောင်းသား/ ကျောင်းသူများအား ယခု ဖြစ်ပေါ်နေသည့် အိုမီခရွန်မျိုးကွဲတွေ့ရှိမှုနှင့် ပတ်သက်၍ အသိပညာပေး ပြောကြားခြင်းနှင့် နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်တတ်စေရန် အသိပညာပေး ပြောကြားပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)