အမြို့မြို့အနယ်နယ်သတင်းများ

Aug 17,2020
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီး ဌာနမှ CFW စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော လုပ်ငန်း များအား ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းငေါင်းဆိုင်ဟိန်း ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်ဟန်သိန်းဦး နှင့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟန်သူရတို့က ယမန်နေ့ နေ့လယ် ၂နာရီက ကွင်းဆင်း ကြည့်ရှု့ စစ်ဆေး ခဲ့သည်။
Aug 17,2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်ရှိ ရပ်ကွက်ကျေးရွာများတွင် ကိုဗစ်-၁၉ကပ်ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စုများသို့ ထောက်ပံ့ ငွေ များ ပေးအပ်ထောက်ပံ့ခြင်းကို ဌာနဆိုင်ရာမှဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာများမှ တာဝန်ရှိ သူများက အိမ်တိုင်ရာရောက်ပေးအပ်ထောက်ပံ့ခဲ့ကြကြောင်းသိရသည်။
Aug 17,2020
ချမ်းအေးသာစံမြို့နယ်၊ ချမ်းသာရဘုရားအနီးရှိ သင်္ဂဇာချောင်းအတွင်းရှိ သဘာဝအလျောက်ပေါက်နေသော ဗေဒါဒိုက်များ ဆယ်ယူခြင်းကို ယနေ့ နံနက်ပိုင်းမှ စတင်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 17,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ ကိုဗစ်-၁၉ ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်များအတွက် ငွေကျပ် သုံးသောင်း တစ်ကြိမ် ထောက်ပံ့ပေးနိုင်ရေးအတွက် ရွှေဘိုမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်များ
Aug 17,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ အသက်မွေးဝမ်းကျောင်း အတတ်ပညာတစ်ခု ရရှိစေရန် ရည်ရွယ်၍ မိုဘိုင်းဖုန်းပြုပြင်ရေးသင်တန်း(အခမဲ့) ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့ နံနက်(၉)နာရီအချိန် က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရ သည်။