အမြို့မြို့အနယ်နယ်သတင်းများ

Aug 17,2020
နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလတွင် ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ အဆင်ပြေရန်အလို့ငှာ တတိယအကြိမ် ထောက်ပံ့ငွေများကို ယမန်နေ့ နံနက်ပိုင်းမှစ၍ လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက အိမ်အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
Aug 17,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့တွင် မိခင်နှင့်ကလေး ဆေးခန်း၌ အသက်(၆)လမှ (၅)နှစ်အတွင်း ကလေးများအား သံချဆေးနှင့် ဗီတာမင်အေ တိုက်ကျွေး ခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်ကစတင် တိုက်ကျွေးခဲ့ကြောင်းသိရသည်။
Aug 17,2020
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် ဩဂုတ်လ(၁၇)ရက်နေ့(၁၂:၀၀)နာရီခန့်က မုန့်လုပ်ဆောင်းကုန်း(တောင်)ရပ်ကွက် ဘာဝနာလမ်းရှိ အိမ်အမှတ်(၂၆)နေ အိမ်ရှင် ဒေါ်စန်းစန်းမြင့်၏ နေအိမ်
Aug 17,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် တောင်းအင်ကျေးရွာရှိ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ ဖွင့်လှစ်ထားသည့် သားဖွားခန်းတွင် အသုံးပြုနိုင်ရန် တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ထောက်ပံ့သည့် သားဖွားကုတင်နှင့် ကလေးတင်စင်တို့ကို ယနေ့နံနက်ပိုင်းက သွားရောက်ပေးအပ်ခဲ့ကြ ကြောင်း သိရသည်။
Aug 17,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရှဒေါင်ကျေးရွာ မေတ္တာပျိုးခင်းမိဘမဲ့ရိပ်သာ၌ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အမှတ် (၁၂) လူကုန်ကူးမှုတားဆီးကာကွယ်နှိမ်နင်းရေးရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ယနေ့မွန်းလွဲ ၁ နာရီက မေတ္တာပျိုးခင်း မိဘမဲ့ရိပ်သာ သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Aug 17,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ လပွတ္တလုပ်တောင် ကျေးရွာတွင် အမှတ်(၉၇) စက်မှုလယ်ယာ စခန်းမှ လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်း ဖွင့်လှစ်ခဲ့သည်။
Aug 17,2020
မိုင်းလုံမြို့ အလယ်ရပ်ကွက်နှင့်အောက်ရပ်ကွက်အတွင်းရှိ လမ်းများခင်းရာတွင် ပါဝင်ကူညီ လှူဒါန်းသူများ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းအခမ်းအနားကို အလယ်ရပ်ကွက် အုပ်ချုပ်ရေးမှူးအိမ်တွင် ယနေ့ မွန်းလွဲ ၂ အချိန် ၌ ဆောင်ရွက်ခဲ့သည်။
Aug 17,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်း စိစစ်ရေး လုပ်ငန်း ကော်မတီ ဖွဲ့စည်း တာဝန်ပေးအပ်ခြင်း အစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီ အချိန်က ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။