Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဝက်လက်မြို့နယ်တွင် သစ္စာစီမံချက်ဖြင့် အသက် ၁၈ နှစ်ပြည့်ပြီးသူများ နိုင်ငံသားစိစစ်ရေးကတ်ပြားများ အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်
Aug 19,2020
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ဆိုင်ရာ မြို့နယ်ဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဦးကျော်ကျော်ခိုင် ဦးဆောင်ကြီး ကြပ်မှုဖြင့် ဝန်ထမ်းများသည် သစ္စာစီမံချက်ဖြင့် အသက် ၁၈ နှစ်ပြည့်ပြီးသူ နိုင်ငံသားစိစစ်ရေးကတ်ပြား များ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက သရက်ကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုဲံး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်း၌ ရွေးကောက်ပွဲအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Aug 19,2020
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများကို ပြည်သူအများ လေ့လာသိရှိနိုင်ရန် ဩဂုတ် ၁၉ ရက်က ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ရွေးကောက်ပွဲအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်လတ်၌ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်း ဆွေးနွေး
Aug 19,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရွှေဝါလတ် ခန်းမ၌ ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကမာရွတ်မြို့နယ်အတွင်းရှိ အိမ်မွေ(ခွေး၊ ကြောင်)များ မှတ်ပုံတင်ပြုလုပ်
Aug 19,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်ရှိ ရပ်ကွက်များတွင် မွေးမြူထားသော အိမ်မွေး (ခွေး၊ ကြောင်) များအား မွေးမြူခွင့် မှတ်ပုံတင်ပြုလုပ်လိုသူများအတွက် လျှောက်လွှာတင်ရာတွင် လိုအပ်ချက် များမှာ ကာကွယ်ဆေးထိုး မှတ်တမ်းမိတ္တူ၊ ခွေးဓာတ်ပုံ(၄×၆)ရှေ့တစ်ပုံ၊ ဘေးတစ်ပုံ၊ နှစ်ပုံကို တစ်ပါး တည်းယူဆောင်ရန် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကမာရွတ်မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေး မှူးရုံးတွင် လာရောက်ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ်တွင် ဥပုသ်သီလဆောက်တည်ခြင်းနှင့် ဝတ်ပြုဆုတောင်းခြင်းများ လူဉီးရေ(၃၀)ဖြင့် (၁)လလျှင် (၄)ရက် ပြုလုပ်ရန် ပြန်လည်ခွင့်ပြုထား
Aug 19,2020
၂၀၂၀ပြည့်နှစ် ဇူလိုင်(၁၃)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ မဖြစ်မနေ ဆောင်ရွက် သင့်သည့် ဘာသာရေးဆိုင်ရာ အခမ်းအနား များအား လူ(၃၀)ဦးထက် မပိုစေဘဲ ကျင်းပနိုင်ရေး အတွက် လည်းကောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဩဂုတ်(၁၂)ရက်တွင် ထုတ်ပြန်သည့် အမိန့်ဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ရေးအတွက် လူ(၃၀)ဦး ထက်ပို၍ စုဝေးခြင်း မပြုရန် ထုတ်ပြန်ခဲ့ရာ ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များ၏ ဖြစ်ပေါ် တိုးတက်မှုများအရ ဩဂုတ်(၁၆)ရက်နေ့ မှစတင်၍ ဗုဒ္ဓဘာသာဝင်များ အနေဖြင့် ဉပုသ်သီလ ဆောက်တည်ခြင်းကို လဆန်း၊ လဆုတ်(၈)ရက်နေ့များနှင့် လပြည့်၊ လကွယ်နေ့များတွင် တစ်လလျှင် (၄)ရက်၊ အခြားဘာသာဝင်များ အနေဖြင့် တစ်ပတ်လျှင်(၁)ရက်ဖြင့် တစ်လလျှင်(၄)ရက်နှုန်း လူ(၃၀)ဦး ထက်မပိုစေပဲ ဆောင်ရွက်နိုင်ရန် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ပြန်လည် ခွင့်ပြုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်တွင် မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးမှုဖြစ်ပွား
Aug 19,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် အမှတ်(၅) ရပ်ကွက်၊ အုပ်စု (၃)တွင် မီးဖိုရှိ မီးကြွင်း မီးကျန်မှတစ်ဆင့် အလျား ပေ ၄၀ ၊ အနံ ပေ ၂၀ ရှိသော လူနေအိမ်တစ်လုံး ယနေ့နံနက် (၀၀:၁၀ ) နာရီက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တမူးခရိုင်၊ ခါမ်းပါတ်မြို့အတွင်းရှိ အသက် (၉) နှစ်မှ (၁၀) နှစ်ကြား အမျိုးသမီးငယ်များအား သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး ထိုးနှံပေးမည်
Aug 19,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ၊ ခါမ်းပါတ်မြို့ အတွင်းရှိ အသက် (၉) နှစ်မှ (၁၀)နှစ်ကြား အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ပြီး ခါမ်းပါတ်မြို့ပေါ်(၅) ရပ်ကွက်တွင် အသက် (၉) နှစ်မှ (၁၀) နှစ်ကြား ကျောင်းနေသူအမျိုးသမီး (၁၅၄) ဦးနှင့် ကျောင်းမနေသူ (၆) ဦး၊ စုစုပေါင်း (၁၆၀) ဦးရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ် - ၁၉ ကာလ ကုစားမှု အစီအစဉ်အရ မြောင်းမြမြို့နယ် သစ်ဆိမ့်ကုန်းကျေးရွာ၌ ကျေးရွာမတည် ရန်ပုံငွေ လက်ဝယ်အရောက် ပေးအပ်
Aug 19,2020
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ကျေးလက်ဦးစီးဌာနက ကိုဗစ်ကာလ စီးပွားရေးကုစားမှု အစီအစဉ်အဖြစ် (Village Revolving Fund Project - VRFP ) စီမံကိန်းဆောင်ရွက်သည့် မြောင်းမြ မြို့နယ် သစ်ဆိမ့်ကုန်းကျေးရွာ၌ ယမန်နေ့ နေ့လည် ၁ နာရီအချိန်က စီမံကိန်းရန်ပုံငွေများ မြို့နယ်ကျေးလက်ဦးစီးဌာန ဝန်ထမ်းများက လက်ဝယ်အရောက် သွားရောက် ပေးအပ် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29899
Page
29900
Page
29901
Page
29902
Current page
29903
Page
29904
Page
29905
Page
29906
Page
29907
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department