အမြို့မြို့အနယ်နယ်သတင်းများ

Aug 19,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် အတွင်းရှိ အစားအစာထုတ်လုပ်ခြင်းနှင့် လက်လီလက်ကား ရောင်းဝယ်ရေး၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် ပြင်ဆင်ခြင်း ကဏ္ဍများရှိ ကလေးအလုပ်သမားများ စစ်တမ်း ကောက်ယူခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဗဟိုစာရင်းအင်းအဖွဲ့ ဦးစီးအရာရှိ ဒေါ်အေးအေးသစ်၊ စီမံကိန်း ရေးဆွဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်သီတာဆန်း၊ စည်ပင်သာယာရေးအဖွဲ့ (အခွန်ကောက်-၄) ဦးစည်သူအောင် တို့က ပူးပေါင်း၍ ရေကြည်မြို့နယ်တွင် လုပ်ကိုင် လျက်ရှိသော လုပ်ငန်းပေါင်း (၆၅)ခုတို့ကို နမူနာအဖြစ် ရွေးချယ်၍ စစ်တမ်း ကောက်ယူလျက် ရှိကြောင်း သိရသည်။
Aug 19,2020
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၃) ရပ်ကွက်ဘူတာရုံလမ်းနှင့် ဘုရင့်နောင်လမ်း (၁၆) ရပ်ကွက်၊ မာလာမြိုင် (၈)လမ်းနှင့် ဗဟိုလမ်း ရွာမ​ကျောင်းလမ်းနှင့် ဘူရင့်​နောင်လမ်း​ထောင့်တို့၌ မြို့နယ် ရဲတပ်ဖွဲ့မှ စခန်းမှူး ရဲအုပ်သန်းလှိုင်နှင့် တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း ၍ ယမန်နေ့ ည ၉ နာရီက ယာဉ်ကြောပိတ်ဆို့ စစ်ဆေးဆောင်ရွက်ခဲ့ ကြကြောင်း သတင်းရရှိသည်။
Aug 19,2020
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ဩဂုတ်(၁၇) ရက်၊ နံနက် (၁၁)နာရီခွဲက ကော်ဖီနှင့် မှိုမျိုးစုံ မွေးမြူစိုက်ပျိုးထုတ်လုပ်နည်းသင်တန်းဖွင့်လှစ်ခဲ့ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
Aug 19,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ ကျွဲ၊ နွားများအား ခွါနာ၊ လျှာနာ ရောဂါကာကွယ် ဆေးထိုးနှံ ပေးခြင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ(၅)နာရီက ရွာတော်‌ကျေးရွာတွင် တောင်သူများ မွေးမြူထားသည့် နွားများကို ကာကွယ်ဆေးထိုးနှံ ပေးခဲ့ကြောင်းသိရသည်။
Aug 19,2020
ပန်းဘဲတန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်အမည်စာရင်း ပြည့်စုံမှန်ကန်မှုရှိစေရေးနှင့် မဲပေးခွင့်ရှိသူတိုင်း မဲဆန္ဒရှင်အမည်စာရင်းတွင် ပါရှိစေရန် မြို့နယ်လုံးကျွတ်မဲဆန္ဒရှင်အမည် စာရင်း တိုက်ဆိုင်စစ်ဆေးခြင်းကို ယမန်နေ့မှစတင်ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ဆောင်ရွက်ခဲ့သည်။
Aug 19,2020
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့တွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဖြစ်ရပ်စီမံခန့်ခွဲမှု ညွှန်းပို့ချိတ်ဆက်ခြင်းကွန်ရက် အလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်သည်။
Aug 19,2020
လမ်းမတော်မြို့နယ် UMFCCI တွင် UMFCCI မှ ရိုက်ကူးတင်ဆက်ထုတ်လွှင့်သွားမည့် UMFCCI Webinar Series: New Beginnings through Renewed Partnerships ကိုသက်ဆိုင်ရာ နယ်ပယ် အသီးသီးမှ ပညာရှင်များ၊ တာဝန်ရှိပုဂ္ဂိုလ်များရဲ့ အကြံဉာဏ်၊ အတွေးအမြင်၊ အယူအဆများကို တင်ဆက်သွားမှာဖြစ်ပြီး ယခု Episode 11 တွင် ဆွေးနွေးရန် ပါဝင်လာတဲ့ ပုဂ္ဂိုလ်များကတော့ မြန်မာနိုင်ငံအခြေစိုက် အမေရိကန်ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ မြန်မာနိုင်ငံ အခြေစိုက် ဗြိတိန်ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ Mr. Peter Beynon၊ မြန်မာနိုင်ငံအခြေစိုက် ပြင်သစ်ကုန်သည်စက်မှုအသင်းဥက္ကဋ္ဌ Ms. Sarah Lubeigt တို့ပဲဖြစ်ပါသည်။