အမြို့မြို့အနယ်နယ်သတင်းများ

Aug 24,2020
COVID-19 စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းများအတွက် ထောက်ပံ့ငွေ ပေးအပ်ပွဲကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နန်းတုတ်ကျေးရွာအုပ်စု၊ လင်ခံကျေးရွာ ဘုန်တော် ကြီးကျောင်းတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်သည်။
Aug 24,2020
ချမ်းအေးသာစံမြို့နယ်စာရေးဆရာအသင်း မျက်နှာစုံညီအစည်းအဝေးနှင့်ရွေးချယ်တင်မြှောက်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ၃၅ လမ်း၊ ၈၉လမ်းနှင့် ၉၀ လမ်းကြားရှိ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျင်းပသည်။
Aug 24,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်တွင် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေအမှတ်ထက်ကျော် လွန်ကာ လူနေအိမ်များအတွင်းရေများဝင်ရောက်မှုကြောင့် ဒေသခံပြည်သူများ အခြားနေရာသို့ ပြောင်းရွေ့နေထိုင်ရကြောင်း သိရသည်။
Aug 24,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ရပ်စောက်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးမည့် မဲဆန္ဒရှင်စာရင်းများကို ပြည့်စုံမှန်ကန်မှု ရှိစေရေးအတွက် မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 24,2020
ပြည်တွင်းကြက်ပေါက် လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် စီးပွားဖြစ် အသားစားကြက်ပေါက်များကို ထိုင်းနိုင်ငံကနေ တစ်လချင်းစီအလိုက် ရေတိုစီမံချက်နှင့် ဇွန်လကနေစတင်တင်သွင်းလျက်ရှိရာ စက်တင်ဘာကုန်အထိ ၃ ဒသမ ၇၉သန်း တင်သွင်းရန်လျာထားကြောင်း မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။
Aug 24,2020
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် Covid 19  မဖြစ်ပေါ်စေရေး အတွက်
Aug 24,2020
မိတ္ထီလာမြို့ စည်ပင်သာယာစျေးကြီးအတွင်း ရောင်းချလျက်ရှိသောစျေးသည်များနှင့် စျေးဝယ်များ နှာခေါင်းစည်းများတပ်ဆင်ရန် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 24,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းသို့ ရခိုင်ပြည်နယ် (အမ်းမြို့နှင့် ကျောက်တော်မြို့) ကြားတွင် သွားရောက်အလုပ်လုပ်နေကြသည့် နယ်မြေခံအမျိုးသား (၁၂) ဦးတို့သည် ယနေ့နံနက် (၄) နာရီအချိန်က ကျောက်ဆည်မြို့သို့ ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။