Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင် ကိုယ်ပိုင်ကျေးလက်ဈေးတွင် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
Feb 27,2020
ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်ရာ မတော်တဆ မီးလောင်မှု မရှိစေရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ပါလောပါကယ် ကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကိုယ်ပိုင် ကျေးလက်ဈေးတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ဌာနနှင့် ဆိုက်ခေါင် ဈေးကော်မတီတို့ ပူးပေါင်း၍ ဈေးမီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပင်၌ စာဖတ်ရှိန်မြှင့်တင်ရေး၊ နယ်လှည့်စာကြည့်တိုက်နှင့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြော
Feb 27,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ မူလွန်−မြစံပယ်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့် စာကြည့်တိုက်နှင့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ မွန်းလွှဲ ၁ နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စိုက်ပျိုးရေးဌာနမှ ရိခေါ်ဒါရ်မြို့တောင်သူများထံ ဝဥမျိုးစေ့ အခမဲ့ဖြန့်ဝေပေး
Feb 27,2020
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ရိခေါ်ဒါရ်မြို့ဒေသ စိုက်ပျိုးရေး ထုတ်ကုန် ပိုမိုဖွံ့ဖြိုးမြှင့်တင်နိုင်ရေးနှင့် တောင်သူဦးကြီးများ စိုက်ပျိုးရေးလုပ်ငန်းဖြင့် မိသားစု ဝင်ငွေ ပိုမိုတိုးပွားစေရေးအတွက် တောင်သူဦးကြီးများထံ ဝဥမျိုးစေ့များ အခမဲ့ ဖြန့်ဝေပေးအပ်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ(၂၅)ရက်နေ့ စိုက်ပျိုးရေးဦးစီးဌာနရုံးခန်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကသာမြို့နယ်ရှိ ကျေးရွာများသို့ ကျန်းမာရေးလုပ်ငန်းများ ကူညီဆောင်ရွက်နိုင်ရန်အတွက် ဘက်စုံစေတနာ့ဝန်ထမ်းများအား ဖြန့်ခွဲစေလွှတ်သွားမည်
Feb 27,2020
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းတို့ ပူးပေါင်းပြီး ACCESS TO HEALTH FUND အထောက်အပံ့ဖြင့် ဆောင်ရွက်လျက်ရှိသည့် “ဒေသစွမ်းအားဖြင့် သာတူညီမျှကျန်းမာရေးစောင့်ရှောက်မှုလက်လှမ်းမှီ ရရှိရေး စီမံချက်” Reaching Equitable Access To Health Through Local – empowerment (REAL) Project ၏ ဘက်စုံစေတနာ့ ဝန်ထမ်း(ICMV) မွမ်းမံသင်တန်းကို ဖေဖော်ဝါရီလ(၁၈)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကသာပြည်သူ့ဆေးရုံကြီးတွင် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းမှ တာဝန်ရှိသူများက သင်ကြားပို့ချခဲ့ရာ အဆိုပါသင်တန်းမှာ တက်ရောက်သော ဘက်စုံစေတနာ့ဝန်ထမ်း များအား ကသာမြို့နယ်ရှိ ကျေးရွာများသို့ ကျန်းမာရေးလုပ်ငန်းများ ကူညီဆောင်ရွက်ရန် ဖြန့်ခွဲစေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းတွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ် စာစောင်များ ငှါးရမ်းပေးပြီး ဟောပြောပွဲများ…
Feb 27,2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ် ဆေးဖြတ်ပြီး သူများ ပြန်လည်ထူထောင်ရေးစခန်း(ဘားအံ)ရှိ ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည် ထူထောင်ရေး(၁/၂၀၂၀)သင်တန်းမှ သင်တန်းသားများအား စိတ်ဓါတ်ခွန်အားရရှိစေရေး အသိပညာဗဟုသုတများ ရရှိ စေရေးနှင့် စာဖတ်ရှိန်မြှင့်တင်စေရေး အတွက်ရည်ရွယ်ပြီး ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနက ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှါးရမ်းပေးပြီးအသိပညာပေး ဟောပြောခြင်းများကို ဖေဖော်ဝါရီလ(၂၆)ရက်နေ့၊ မွန်းလွဲပိုင်းက အဆိုပါ ဘားအံစက်မှုဇုန်အနီးရှိ မူးယစ်ဆေးဖြတ်ပြီး သူများပြန်လည် ထူထောင်ရေးစခန်းသို့ သွားရောက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင် ဖေဖော်ဝါရီ ၂၇ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံ ငွေများပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပ…
Feb 27,2020
ချင်းပြည်နယ် တီးတိန်မြို့တွင် ဖလမ်းခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယမန်နေ့က မြို့ပေါ်ရှိ စျေးဆိုင်များ၊ ဆေးဆိုင်များအား နိုင်ငံပိုင် သတင်းစာပါ စားသုံးရန်မသင့်သော အစားအသောက်များနှင့် သုံးစွဲရန်မသင့်သော ဆေးဝါးများ ရောင်းချခြင်းရှိမရှိ စစ်ဆေးခြင်းနှင့် အန္တရာယ်ကင်း စားသောက်ကုန်များ ရောင်းချနိုင်ရေး ပညာပေး ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မူဆယ်မြို့တွင် ဖမ်းဆီးရမိထားသည့် တရားမဝင်ပိုးသတ်ဆေးများနှင့် မှိုသတ်ဆေးများ မြေမြှုပ်ဖျက်ဆီး
Feb 27,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်များတွင် မြန်မာနိုင်ငံဘက် သို့ တရားမဝင်တင်သွင်းလာပြီး (၁၀၅)မိုင်၊ ကုန်သွယ်ရေးဇုန်၊ စစ်ဆေးရေးဂိတ်၌ အကောက်ခွန် ဦးစီးဌာနမှ ဖမ်းဆီးရမိထားသည့် တရားမဝင်ပိုးသတ်ဆေးများကို ယမန်နေ့ နေ့လယ်(၂)နာရီအချိန်တွင် မူဆယ်မြို့၊ (၁၀၅) မိုင်ရှိ စိုက်ပျိုးရေး ရုံးဝန်းအတွင်း၌ မြေမြှုပ်ဖျက်ဆီးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လမ်းအဆင့်မြှင့်တင်ခြင်း စီမံကိန်းနှင့်ပတ်သက်၍ ကမ္ဘာ့ဘဏ်အဖွဲ့က ဖလမ်းမြို့နယ် ပြည်သူများနှင့် တွေ့ဆုံ ဆွေးနွေး
Feb 27,2020
ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံအတွင်း ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများအတွက် အရေးပေါ်ပြန်လည်ထူထောင်ရေးစီမံကိန်း (Flood and Landslides Emergency Recovery Project, FLERP) တွင်ပါဝင်သော ချင်းပြည်နယ်၊ ကလေး-ဖလမ်း-ဟားခါးလမ်း လမ်းအဆင့်မြှင့်တင်ခြင်းစီမံကိန်းနှင့် ပတ်သက်၍ ကမ္ဘာ့ဘဏ်အဖွဲ့၊ International Environmental and Social Safeguard Specialist နှင့် National Social Safeguard တို့နှင့် ဖလမ်းမြို့နယ်ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီ ၂၀ မိနစ်က ဖလမ်းမြို့ Chin Centre ခန်းမ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26540
Page
26541
Page
26542
Page
26543
Current page
26544
Page
26545
Page
26546
Page
26547
Page
26548
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department