သတင်းများ

တီးတိန်မြို့၌ ပညာရေးဝန်ကြီးဌာန ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 31,2025
ချင်းပြည်နယ် တီးတိန်မြို့၌ ပညာရေးဝန်ကြီးဌာန ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁)အ‌ခြေခံပညာ အထက်တန်းကျောင်း စံကိုက်ညီကျောင်းဆောင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မှော်ဘီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိ
May 31,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer) ထိုးနှံပေးခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က မှော်ဘီမြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာစောမြထွန်း ဦးဆောင်၍ မြို့နယ်ကျန်းမာရေးမှူး အဆင့်(၁) ဒေါ်ခင်အေးဝင်းနှင့် မိခင်ကလေးကျန်းမာရေးဌာနမှ ဆရာမများက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ရုံးဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ရပ်ကွက်နေပြည်သူများအား ကိုဗစ်(၁၉) pfizer ကာကွယ်ဆေးအား လာရောက်ထိုးပေးလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲစင်းငုံ ၅၉၁၄ ဧက စိုက်ပျိုးမည်
May 31,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲစင်းငုံ ၅၉၁၄ ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပေါင်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်
May 31,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီက ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
မြောင်းမြမြို့တွင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ မူကြိုကလေးများအား အာဟာရကျွေးမွေးလှူဒါန်း
May 31,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ယနေ့မွန်းလွဲပိုင်းက မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ မှုကြိုကလေးများအား အာဟာရ ကျွေးမွေးခြင်းနှင့် သင်ထောက်ကူပစ္စည်းများ၊ ဆေးစိမ်ခြင်ထောင်များနှင့် မူကြိုဝတ်စုံများ ပေးအပ်လှုဒါန်းခဲ့ကြောင်း သိရသည်။
မအူပင်မြို့၌ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်း‌ကျောင်း အထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
May 31,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများအလုပ်အကိုင် အခွင့်အလမ်းရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေရန်အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဆင်းပွဲ အခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်း သား၊ သမီးများအား ပညာသင်စရိတ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်
May 31,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်း သား၊ သမီးများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်စရိတ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်/မြို့နယ်စုပေါင်းရုံးရှိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ချမ်းမြသာစည်မြို့နယ်၊ မြနန္ဒာဝန်ထမ်းအိမ်ရာ၌ ငလျင်ဘေးသင့် ဝန်ထမ်းမိသားစုများအား ဝမ်းပျက်၊ ဝမ်း‌လျှော ရောဂါကြိုတင်ကာကွယ်ဆေး (တတိယအကြိမ်)တိုက်ကျွေးခြင်းလုပ်ငန်း (အခမဲ့)ဆောင်ရွက်
May 31,2025
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြနန္ဒာဝန်ထမ်းအိမ်ရာ၌ (၂၈.၃.၂၀၂၅) ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ငလျင်ဘေးကြောင့် ငလျင်ဘေးသင့် ဝန်ထမ်းမိသားစုများအား ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ဆေး (တတိယအကြိမ်)တိုက်ကျွေးခြင်း လုပ်ငန်းကို ယနေ့ နံနက်ပိုင်းက (အခမဲ့) ဆောင်ရွက်ခဲ့ကြောင်း သိရသည်။