သတင်းများ

ဟားခါးမြို့၌ တိရိစ္ဆာန်ကုသဆေးဝါးများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ
Jun 01,2025
တိရိစ္ဆာန်ကုသဆေးဝါးများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို မေလ ၃၀ ရက်နေ့ နံနက် ၉ နာရီက ဟားခါးမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် နွားနောက်၊ ဝက်၊ ကြက်မွေးမြူးရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
လပွတ္တာမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ
Jun 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ မေလ ၂၉ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာကောင်းမူတော်စေတီမြတ်ကြီး ပြုပြင်မွမ်းမံရန်အတွက် နာယကဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲအခမ်းအနား ကျင်းပ
Jun 01,2025
ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာကောင်းမူတော်စေတီတော်မြတ်ကြီး ရေရှည်တည်တံ့အောင်  ပြုပြင်မွမ်းမံရန်အတွက် နာယကဆရာတော်ကြီးများထံမှ ဩဝါဒခံယူခြင်းအခမ်းအနားကို မေလ ၃၀ ရက်၊ နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီးရှိ ဂေါပကအဖွဲ့ရုံးခန်းမတွင် ကျင်းပပြုလုပ်ရာ ဩဝါဒခံယူပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသသကြီး/ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ 
ပွင့်ဖြူမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးများအဆက်မပြတ်ရွာသွန်းခဲ့သဖြင့် ဒေသခံတောင်သူများက သီးနှံစိုက်ခင်းများ ရေနစ်မြုပ်မှုမရှိစေရေး ရေစုပ်စက်များဖြင့် ရှင်းလင်းဆောင်ရွက်
Jun 01,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးများအဆက်မပြတ်ရွာသွန်းခဲ့သဖြင့် နွေသီးနှံစိုက်ပျိုးထားရှိသော နှမ်းစိုက်ခင်းများနှင့် မိုးကြိုပဲတီစိမ်းစိုက်ခင်းများတွင် မိုးရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့၍ ဒေသခံတောင်သူများက သီးနှံစိုက်ခင်းများ ရေနစ်မြုပ်မှုများမရှိစေရေး ရေစုပ်စက်များဖြင့် ရေများစုပ်ယူရှင်းလင်းရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ သတင်းမီဒီယာသင်တန်း အမှတ်စဉ် (၂) သင်တန်းဆင်းပွဲ ကျင်းပ
Jun 01,2025
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ သတင်းမီဒီယာဖွံ့ဖြိုးတိုးတက်ရေးကော်မတီက စီစဉ်ဖွင့်လှစ်သည့် သတင်းမီဒီယာသင်တန်းအမှတ် (၂) သင်တန်းဆင်းပွဲကို မေလ ၃၀ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ကုန်သည်လမ်းရှိ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရုံး သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
မိုးညှင်းမြို့၌ ၂၀၂၅ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 01,2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် မြို့နယ်သစ်တောဦးစီးဌာန၏အစီအစဉ်ဖြင့် ၂၀၂၅ ခုနှစ် မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို မေလ (၃၁) ရက် နံနက် (၈)နာရီက စုပေါင်းရုံးအနီးကွင်းပြင်၌ ကျင်းပသည်။
မူဆယ်ခရိုင်ရုံး Community Center ခန်းမတွင် ရုံးစာရေးသားနည်းသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်လှစ်
May 31,2025
ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ချိန်အတွင်း မှန်ကန်မြန်ဆန်စွာနှင့်ထိရောက်စွာ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမတွင် မေလ ၃၀ ရက်နေ့ နံနက် (၉)နာရီ အချိန်က ရုံးစာရေးသားနည်းသင်တန်း အမှတ် စဉ်(၁/၂၀၂၅)ကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း အရေးပေါ်လုပ်ငန်းစီမံခန့်ခွဲရေးအဖွဲ့ အစည်းအဝေး ကျင်းပ
May 31,2025
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျက်ရှိသော ငလျင်တုံ့ပြန်ဆောင်ရွက်ချက်များနှင့် ပတ်သက်၍  Emergency Task Force (ETF) အစည်းအဝေးကို ယမန်နေ့က အသင်းရန်ကုန်ရုံးခွဲတွင် ကျင်းပခဲ့ရာ အသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်၊ အလုပ်အမှုဆောင်များ၊ ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ လက်ထောက်အထွေထွေ အတွင်းရေးမှူးနှင့် ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့သည်။