မွန်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့မှ ဦးဆောင်၍ ပေါင်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်ဆောင်ရွက်
Jun 01,2025
မွန်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့မှ ဦးဆောင်၍ ပေါင်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်ကို ယမန်နေနံနက်ပိုင်းက ကော့ကရင်ကျေးရွာဓမ္မာရုံ၌ ပြုလုပ်ဆောင်ရွက်ခဲ့ရာ မွန်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်အိနန္ဒာဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နွေးနွေးနှင့်အဖွဲ့ဝင်များ ကော့ကရင်ကျေးရွာမှ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။