တောင်သူများအား ပိုက်ဆံလျှော်မျိုးစေ့များ ပေးအပ်ပွဲ လွိုင်ကော်၌ ကျင်းပ
Jun 01,2025
ကယားပြည်နယ်အစိုးရအဖွဲ့မှ တောင်သူများအား ပိုက်ဆံလျှော်မျိုးစေ့များပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ ဟင်းသီးဟင်းရွက်စံပြစိုက်ခင်း ၌ကျင်းပရာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းစိုးအောင်က အဖွင့်အမှာစကားပြောကြားရာ၌ “ ဓာတ်မြေ ဩဇာသုံးစွဲမှုကို လျော့ချနိုင်ရန်နှင့် မြေဆီလွှာဂုဏ်သတ္တိ တိုးတက်လာစေရန် လုပ်ဆောင်ရမည့် အချက်မှာ ပိုက်ဆံလျှော်စိုက်ပျိုး၍ မြေမြုပ်ထယ်ထိုးခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း၊ နှစ်စဉ် ဆောင်ရွက်ပါက မြေဆီလွှာဂုဏ်သတ္တိ အလျင်အမြန်တိုးတက်လာမည်ဖြစ်ကြောင်း၊ ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တောင်သူများရဲ့ လူမှုဘဝတိုးတက်လာစေရန်ရည်ရွယ်ပြီး တောင်သူကြီးများအား ပိုက်ဆံလျှော်မျိုးစေ့များပေးအပ်ရခြင်းဖြစ်ကြောင်း” ပြောကြားသည်။