သတင်းများ

သနပ်ပင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ လုပ်ငန်းရာသီအတွက် ဂရန်အင်းများနှင့် တင်ဒါချက်များ (ပထမ)အကြိမ် လေလံတင်ရောင်းချခြင်းအခမ်းအနား ကျင်းပ
Jul 08,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ခုနှစ် လုပ်ငန်းရာသီအတွက် ဂရန်အင်းများနှင့် တင်ဒါချက်များ (ပထမ)အကြိမ် လေလံတင်ရောင်းချခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ကျိုက်မရောမြို့နယ်၌ မျိုးစေ့ချကိရိယာ Drum Seeder ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲနှင့် အကျိုးဆောင်တောင်သူများအား သွင်းအားစု ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားနှင့် Sen Hui Yuan Co. Ltd ရာဘာသစ်ခွဲသားစက်ရုံသို့ ကွင်းဆင်းကြည့်ရှု
Jul 08,2025
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက ကျိုက်မရောမြို့နယ်၊ ကျုံစိန်ကျေးရွာ တောင်သူဦးငွေရလယ်မြေ၌ ကျင်းပပြုလုပ်သည့် ကြဲခင်းစနစ်လျှော့ချရေးအတွက် မျိုးစေ့ချကိရိယာ Drum Seeder ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲနှင့် RS-CS မျိုးစေ့ထုတ် အကျိုးဆောင်တောင်သူများအား သွင်းအားစုချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ပြီး ဦးစွာ ကျိုက်မရောမြို့နယ် စိုက်ပျိုးရေးဦးစီးမှူးက ကျိုက်မရောမြို့နယ်၏ သီးနှံစိုက်ပျိုးထုတ်လုပ်မှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က တစ်ဧကအထွက်နှုန်းများ တိုးတက်ရန်အတွက်  မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းလေးသွယ်ကို အခြေခံဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊  ယခုနှစ်သည် ကြဲခင်းစနစ်ဖြင့် စိုက်ပျိုးခြင်းပပျောက်စေရေးအတွက်  ယခုနှစ်မိုးစပါးစိုက်ရာသီတွင် ကြဲခင်းများ လျော့နည်းစေရေးအတွက် လက်ဆွဲကောက်စိုက်စက်၊ ကောက်စိုက်စက်၊  စပါးမျိုးစေ့ချကိရိယာ (Drum Seeder) များနှင့် ပျိုးထောင်စိုက်ပျိုးခြင်းများ စိုက်ပျိုးဆောင်ရွက်ခဲ့ပါကြောင်း၊  ပန်းတိုင်အထွက်နှုန်းများရောက်ရှိစေရေး၊ သီးထပ်စွမ်းအား သီးနှံစိုက်စွမ်းအားတိုးတက်စေရေးအတွက် တောင်သူဦးကြီးများက တက်ညီလက်ညီ ဝိုင်းဝန်းပံ့ပိုးပေးကြစေလိုကြောင်း ပြောကြားသည်။
ဘီးလင်းမြို့နယ် ပညာရေးမိသားစုမှ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ ကျင်းပ
Jul 08,2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မြို့နယ်ပညာရေးမိသားစုမှ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဘီးလင်းမြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တိုက်ကြီးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ
Jul 08,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၁ နာရီက အမှတ်(၂)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပ
Jul 08,2025
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျင်းပပြုလုပ်သော စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင်ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ သန်လျင်မြို့နယ်၊ မင်းကျောင်းပထမပြန်စာသင်တိုက်ကြီး၏ ဦးစီးပဓာနနယကဆရာတော် ဒေါက်တာဘဒ္ဒန္တဓန္ဒိမာဘိဝံသအမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ်၊ ဗိုလ်မှူးကြီး သက်ပိုင်ဇော်နှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။ ဦးစွာ အခမ်းအနားအား “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ သန်လျင်မြို့နယ်၊ မင်းကျောင်း ပထမပြန်စာသင်တိုက်ကြီး၏ ဦးစီးပဓာနနယကဆရာတော် ဒေါက်တာဘဒ္ဒန္တဓန္ဒိမာဘိဝံသ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ပွားသရဇ္ဇျာယ်တော်မူအပ်သော ပရိတ်တရားတော်များ နာယူကြည်ညိုသည်။
တိုက်ကြီးမြို့နယ်တွင် မြို့ကွက်တိုင်းတာခြင်းဆိုင်ရာ (Training Course On Town Land Survey No-16) သင်တန်းဆင်းပွဲကျင်းပ
Jul 08,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနက ပြည်သူများ မြေယာပိုင်ဆိုင်မှု ခိုင်မာစေရေးနှင့် မြေငှားဂရန်ရရှိရေးအတွက် ကျေးရွာ/မြို့မြေများ ပြန်လည်တိုင်းတာပေးနိုင်ရေး ရည်ရွယ်၍ တစ်လကြာဖွင့်လှစ်သင်ကြားခဲ့သော Training Course On Town Land Survey No-16 သင်တန်းဆင်းပွဲကို ဇူလိုင် ၄ ရက် နံနက် ၉ နာရီခွဲက တိုက်ကြီးမြို့၊ ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း၌ ကျင်းပသည်။