သတင်းများ

မိုင်းယောင်းမြို့၌ စာဖတ်ဝိုင်း ပြုလုပ်
Jul 22,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်သည်။
ကျွန်းလှမြို့နယ်၌ ဆီထွက်သီးနှံ မိုးမြေပဲ ဧက ၅၈၀၀ ကျော်စိုက်ပျိုးပြီးစီး
Jul 22,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် မိုးရာသီ၌ မြေပဲ ဧက ၅၈၀၀ ကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တမူးမြို့တွင် ပုံစံ(၈)ဝင် ကျွန်း၊ အင်၊ကညင်(ခွဲသား)များအား လေလံတင်ရောင်းချခြင်း အခမ်းအနား ကျင်းပ
Jul 22,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ပုံစံ(၈)ဝင် ကျွန်း၊ အင်၊ကညင်(ခွဲသား)များအား လေလံတင်ရောင်းချခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ခရိုင်သစ်တောဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားတက်ရောက်
Jul 22,2025
စစ်တွေမြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ချီးမြှင့်ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။
မိုင်းခုတ်မြို့ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် အရုပ်ဆက်ပြိုင်ပွဲကျင်းပ
Jul 22,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် ယနေ့နံနက်ပိုင်းက အရုပ်ဆက်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်၌  မိုဘိုင်း Library စနစ်ဖြင့် အခြေခံပညာကျောင်းများသို့ စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်း
Jul 22,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်  နမ့်စလိုင် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ယနေ့နံနက် ၉ နာရီအချိန်က မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များကို အခမဲ့ကွင်းဆင်း ငှားရမ်းဖတ်ရှုစေခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ တောင်သူများအတွက် စက်သုံးဆီဈေးနှုန်းသက်သာစွာရောင်းချပေး
Jul 22,2025
ကချင်ပြည်နယ်အစိုးရအဖွဲ့ ဒေသတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးအပြင် တောင်သူများ စိုက်ပျိုးထွန်ယက်ရာတွင် စက်သုံးဆီအပါအဝင် စိုက်ပျိုးစရိတ်သက်သာစေရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့် ယနေ့နံနက်(၉)နာရီက မြစ်ကြီးနားမြို့ ရွှေပြည်သာရပ်ကွက်အတွင်း တောင်သူများနှင့်တွေ့ဆုံပြီး စက်သုံးဆီ(ဒီဇယ်)အား ပြင်ပပေါက်ဈေးထက် ပိုမိုသက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။
မြို့သစ်မြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းပင်စင်လစာငွေများ ထုတ်ပေး
Jul 22,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်ကစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။