မိတ္ထီလာမြို့နယ်အတွင်း အရိပ်ရပန်းအလှပင်များ စုပေါင်းစိုက်ပျိုး
Jul 23,2025
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ဝန်ဇင်းကန်ပေါင် မိတ္ထီလာမြောက်ကန်နှင့် မိတ္ထီလာ-မြင်းခြံ ကားလမ်းမအနီး အရိပ်ရပန်းအလှပင်များ စုပေါင်းစိုက်ပျိုးခြင်းကို ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မိတ္ထီလာမြို့ကုန်သည်ပွဲစားစက်ပိုင်ကထိန်တော်အသင်း နှင့် ဒေသခံပြည်သူများက ယနေ့နံနက် ၈ နာရီက ဆောင်ရွက်သည်။