သတင်းများ

မုဒုံမြို့နယ်တွင် အမျိုးသားအဆင့် ရော်ဘာအစေးခြစ်လုပ်သားကျွမ်းကျင်မှုအဆင့် (၁) သင်တန်းဖွင့်လှစ်
Jul 23,2025
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် အမျိုးသားအဆင့် ရော်ဘာအစေးခြစ်လုပ်သားကျွမ်းကျင်မှုအဆင့်(၁)နှင့် စစ်ဆေးအကဲဖြတ်ခြင်း အမှတ်စဉ်(၁၆) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀) နာရီက နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ(မုဒုံ)ရှိ  စိုက်ပျိုးရေးအသက်မွေးမှုသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်
Jul 23,2025
ရှမ်းပြည်နယ် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များအား ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ စာပေလေ့လာဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန်၊ စာပေလေ့လာဖတ်ရှုခြင်းဖြင့် လူနေမှုဘဝ တိုးတတ်စေရန်နှင့် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်စေရန်ရည်ရွယ်၍ စာရေးဆရာ သတိုးနွယ်၏ “အရှုံးကို မကြောက်နဲ့နှင့် စိတ်ခွန်အားဖြည့်စာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဇူလိုင်လ (၂၁) ရက်နေ့ မွန်းလွဲပိုင်းအချိန်က မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ဆောင်ရွက်
Jul 23,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး ကျောင်းသား၊ ကျောင်းသူများနှင့်ပူးပေါင်း၍ ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က မောင်မင်းစိုးရေးသားသည့် “လူငယ်နဲ့လူမှုရေး” လူငယ်လမ်းညွှန်ဆောင်းပါးများစာအုပ်ကို စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။
ပခုက္ကူမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား UID ဆောင်ရွက်ပေး
Jul 23,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများ ထုတ်ပေးရာတွင် အဆင်ပြေစေရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ (UID) Unique Identity ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ
Jul 23,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များပူးပေါင်း၍ စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင်ရေးသားသော “တပြည်သူမရွှေထား” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား မိဘပြည်သူများကို UID ဆောင်ရွက်ပေး
Jul 23,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားမိဘပြည်သူများကို UID ကတ် ကိုင်ဆောင်ခွင့်ရရှိစေရန် ယမန်နေ့က မြန်မာ့စီးပွားရေးဘဏ်ရုံးသို့ သွားရောက်ပြီး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဟိုပုံးမြို့နယ်၌ စဉ်ဆက်ပညာရေး စာသင်ဝိုင်းသင်ကြားနေမှုအား တာဝန်ရှိသူများက ကြည့်ရှုအားပေး၊ ဆိုလာမီးသီးနှင့် White Board များပေးအပ်
Jul 23,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ကျေးလက်​နေပြည်သူများနှင့် တိုင်းရင်းသားများအတွက် သင်ယူသူများ၏ အ​ရေးစွမ်းရည်ပိုမိုတိုးတက်လာ​စေ​ရေး၊ စာဖတ်ရှိန်မြှင့်တင်​ရေးနှင့် စဥ်ဆက်ပညာ​​ရေးအစီအစဥ်မှတစ်ဆင့် ဘဝတစ်သက်တာသင်ယူ​လေ့လာ​နေသူများ ဖြစ်ထွန်းလာ​ရေး စသည့်ရည်ရွယ်ချက်များဖြင့် အ​ကောင်အထည်​ဖော် ဆောင်ရွက်လျက်ရှိသည့် စဥ်ဆက်ပညာ​​ရေး စာသင်ဝိုင်းသင်ကြားနေမှု၊ ဆိုလာမီးသီးနှင့် White Board များပေးအပ်ခြင်းကို ယမန်နေ့ညနေ (၆) နာရီအချိန်က လွယ်အွန့်ကျေးရွာအုပ်စု၊ စခွီကျေးရွာနှင့် ရန်ကင်း ကျေးရွာတွင် ဆောင်ရွက်ခဲ့ကြသည်။
ဇီးကုန်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး ဟောပြောခြင်းနှင့် ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်
Jul 23,2025
ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးဆောင်မှုဖြင့် ပြည်သူလူထုနှင့် ကျောင်းအခြေပြု သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ (၂၁) ရက်နေ့ မွန်းလွဲပိုင်းက အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း၍ အ.ထ.က(မြို့မ)၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအသိပညာပေးဟောပြောခြင်းနှင့် ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။