သတင်းများ

လွိုင်လင်မြို့ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား Unique Identity(UID)ကတ်များ ပြုလုပ်ပေး
Jul 23,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လွိုင်လင်မြို့နယ်ရုံး လက်ထောက်မြို့နယ်ဦးစီးမှူး ဦးအမ်ဒီအိုင်ဇက်နှင့် ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား (Unique Identity)ကတ်များပြုလုပ်ပေးခြင်းကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်၌ ဟင်္သာတတက္ကသိုလ်ကြက်ခြေနီအသင်းခွဲမှ ကျောင်းသား၊ ကျောင်းသူများ စုပေါင်းသွေးလှူဒါန်း
Jul 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်၌ ဟင်္သာတတက္ကသိုလ် ကြက်ခြေနီအသင်းခွဲမှ ကျောင်းသား/ သူများမှ ယနေ့နံနက်ပိုင်းက  စုပေါင်း သွေးလှူဒါန်းပွဲ ပြုလုပ်ခဲ့သည်။
နမ့်စန်မြို့ အ.ထ.က(မြို့မ)ကျောင်းတွင် ဘင်ခရာသင်တန်းဆင်းပွဲ ကျင်းပ
Jul 23,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တွင် ဘင်ခရာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရပ်စောက်မြို့၌ မျိုးစေ့ထုတ်စံပြစိုက်ကွက်လုပ်ငန်းများအတွက် ဓာတ်မြေဩဇာနှင့် မျိုးစေ့ချကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား ပြုလုပ်
Jul 23,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေမှ မျိုးစေ့ထုတ်စံပြစိုက်ကွက်လုပ်ငန်းများအတွက် ဓာတ်မြေဩဇာနှင့် မျိုးစေ့ချကိရိယာများထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ (ဆီမီးဖိုင်နယ်) ပွဲစဉ်များ ဆက်လက်ကျင်းပ
Jul 23,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဇူလိုင်လ ၁၁ ရက်မှ စတင်၍ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက အကြိုဗိုလ်လုပွဲ (ဆီမီးဖိုင်နယ်) ပွဲစဉ်များကို မြို့နယ် ကျောက်တိုင်အားကစားကွင်း၌ ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့၌ ခရိုင်အဆင့် သတင်းရေးသားနည်းသင်တန်း အမှတ်စဉ် (၂/၂၀၂၅) ဖွင့်လှစ်
Jul 23,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အဆင့် သတင်းရေးသားနည်းသင်တန်းအမှတ်စဉ် (၂/၂၀၂၅)ကို ဇူလိုင်လ ၂၁ ရက်မှစတင်ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်စနစ်များ ကွင်းပြပွဲ တက်ရောက်
Jul 23,2025
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်သည့် မိုးစပါးပန်းတိုင် အထွက်နှုန်း ရရှိရေး စိုက်စနစ်များ ကွင်းပြပွဲကို ယနေ့နံနက်ပိုင်းက စနစ်ကျလယ်ယာမြေအဖြစ် ဖော်ဆောင်ထားသော စစ်တွေမြို့၊ ပြည်တော်သာစိုက်ကွင်း၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စစ်တွေမြို့၊ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းမှ ဆရာ၊ဆရာမများနှင့် ကျောင်းသူသား၊ ကျောင်းသူများ၊ ဒေသခံတောင်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။
မင်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေး
Jul 23,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်အတွက် မိုးသီးနှံစိုက်ပျိုးကြမည့် တောင်သူများအား မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက် ၁၀ နာရီက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။