သတင်းများ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား မိဘပြည်သူများအား Unique Identity(UID)ကတ် ဆောင်ရွက်ပေး
Jul 23,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရှိ အငြိမ်းစားမိဘပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက လူပုဂ္ဂိုလ် မှန်ကန်မှုရှိ/မရှိ စိစစ်နိုင်စေရန်နှင့် ခေတ်မီနည်းပညာအသုံးပြုနိုင်ရန်၊ မြန်မာ့စီးပွားရေးဘဏ်၏ Centralized e-pension စနစ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ e-ID စနစ်တို ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် UID (Unique Identity) Smart Card ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်မှစတင်၍ မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးလျက်ရှိသည်။
ကျိုင်းတုံမြို့နယ် နမ့်ခင်ချောင်း ရေစီးရေလာကောင်းမွန်ရေးနှင့် ရေကြီးရေလျှံမှုကာကွယ်ရေး ချောင်းများ သဲနုန်းတူးဖော်ခြင်း၊ ‌ချောင်းပေါင်ဆင့်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
Jul 23,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စုရှိ နမ့်ခင်ချောင်း ရေစီးရေလာကောင်းမွန်ရေးနှင့် ရေကြီးရေလျှံမှုကာကွယ်ရေးအတွက် သဲနုန်းတူးဖော်ခြင်း၊ ချောင်းပေါင်ဆင့်ခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် နမ့်ချောင်းအနီးပတ်ဝန်းကျင်ရှိ ကျိုင်းတုံမြို့ပေါ် အမှတ်(၅)ရပ်ကွက်၊ ကန်နားလုံရပ်၊ ကျိုင်းဖောင်း၊ တာလျှပ်၊ ကျန်ဆက်ကျေးရွာများနှင့် ချောင်းအနီးရှိ လယ်ယာမြေများ ရေကြီးရေလျှံနစ်မြုပ်မှုကာကွယ်ရေးနှင့် ချောင်းရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် နမ့်ခင်ချောင်း၊ ကျိုင်းဖောင်းရွာအနီးမှ ဝမ်‌နောင်ကျေးရွာအထိ အရှည်ပေ ၉၅၀၀ ပေ သဲနုန်းတူးဖော်၊ ပေါင်ဆင့်ခြင်းလုပ်ငန်းများကို ဧပြီလ ၂၃ ရက်တွင် လုပ်ငန်းစတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ငရုတ်ကောင်းမြို့ပေါ်ရပ်ကွက်များအတွင်း ရေစီးရေလာကောင်းမွန်ရေး မြို့စည်ပင်သာယာရေး အဖွဲ့နှင့်ပြည်သူများပူး‌ ပေါင်းဆောင်ရွက်လျက်ရှိ
Jul 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ပေါ် ရပ်ကွက်များအတွင်း မိုးရာသီရေစီးရေလာကောင်းမွန်ရေးအတွက် ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၂)ရပ်ကွက်၊ လမ်းမတော်လမ်းအတွင်း မြို့စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်နေပြည်သူများပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 23,2025
ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၇/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပခဲ့ကြောင်း သိရသည်။
အင်္ဂပူမြို့နယ် ကဇင်းကြီးကျေးရွာတွင် ၂၀၂၅-၂၀၂၆ ခုနှစ် ထွန်တုံးပိတ်ပွဲပြုလုပ်
Jul 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ မေတ္တာကုန်းကျေးရွာအုပ်စု၊ ကဇင်းကြီးကျေးရွာတွင် ၂၀၂၅-၂၀၂၆ ခုနှစ် ရေတော်မိုး‌တော် မိုးစပါးထွန်တုံးပိတ်ပွဲ အခမ်းအနားပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်၌  ဒီရေတောသစ်ပင် စိုက်ပျိုးပွဲကျင်းပ
Jul 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် သစ်တောဦးစီးဌာန၏ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဒီရေတောသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီက ရှောက်ချောင်း ကျေးရွာအုပ်စု ငွေသဇင် (၂)ကျေးရွာတွင် ဆောင်ရွက်သည်။
ဘိုကလေးမြို့နယ်တွင် ကဏ္ဍစုံအသိပညာပေးဟောပြောပွဲများကျင်းပ
Jul 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စားသုံးရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဘိုကလေးမြို့၊ အခြေခံပညာ လေ့ကျင့်ရေး အလယ်တန်းကျောင်းသို့ ယနေ့ နံနက်(၁၀)နာရီ အချိန်တွင် ကွင်းဆင်းကာ ကျောင်းသား/သူများအား ကဏ္ဍစုံ အသိပညာပေး ဟောပြောမှုများ ဆောင်ရွက်ကြသည်။
ဒေးဒရဲမြို့နယ် အခြေခံပညာကျောင်းများတွင် အမှိုက်အမျိုးအစားများ ခွဲခြားစွန့်ပစ်နိုင်ရေး အမှိုက်ပုံးအရောင်များ သတ်မှတ်ခြင်း အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အခြေခံပညာကျောင်းများ၊ နေအိမ်များနှင့် လုပ်ငန်းများက ထွက်ရှိသည့် အမှိုက်များအား အမျိုးအစားခွဲခြားစွန့်ပစ်နိုင်ရေးအတွက် အမှိုက်ပုံးအရောင်များ ခွဲခြားသတ်မှတ်ခြင်း အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် (၁၀) နာရီက အခြေခံပညာမူလတန်းကျောင်း (အလယ်ပိုင်း)တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။